နေ့စဥ်သတင်း

တာချီလိတ်ရှိ တရားမဝင်ရွှေတွင်းများ ဌာနဆိုင်ရာများကို လစဉ် ဘတ်သန်းနှင့်ချီ လာဘ်ငွေပေးကာ လုပ်ကိုင်နေ

မဲခေါင် 8 Apr - 2025
မဲခေါင်၊ မတ် ၁၉ တာချီလိတ်မြို့နယ်အတွင်း တူးဖော်လုပ်ကိုင်နေသည့် တရားမဝင်ရွှေတွင်းများ လုပ်ကိုင်ခွင့်ရရန်အတွက် ရွှေတွင်းတစ်တွင်းလျှင် လစဉ် ဘတ်သန်းနှင့်ချီကာ ဌာနဆိုင်ရာများထံ ပေးကမ်းလုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ တရားမဝင်ရွှေတွင်းများ လုပ်ကိုင်ခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ကို အများဆုံးပေးရပြီး ဌာနဆိုင်ရာများအပြင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများအထိပါ လာဘ်ငွေပေးရကြောင်း ကိုယ်တိုင်ပေးနေရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထွေအုပ်ဆိုရင် DC အတွက်ပေါ့၊ တစ်လကို ဘတ် ၂ သိန်းပေးရတယ်။ ခရိုင်ရဲမှူးကို တစ်သိန်းပေးရတယ်။ လုပ်ကွက်အကြီးအသေးပေါ်တော့ မူတည်တယ်။ တလကို ဘတ် ၁၀ သိန်းနဲ့အထက်ပေးရတယ်” ဟု ၎င်းကပြောသည်။ တာချီလိတ်မြို့နယ်၊ တာလေမြို့ဧရိယာအတွင်းနှင့် မိုင်းကိုးကျေးရွာအုပ်စုများအတွင်း၌ တရားမဝင် ရွှေတူးဖော်မှု အများအပြားရှိနေပြီး

မဲခေါင်၊ မတ် ၁၉

တာချီလိတ်မြို့နယ်အတွင်း တူးဖော်လုပ်ကိုင်နေသည့် တရားမဝင်ရွှေတွင်းများ လုပ်ကိုင်ခွင့်ရရန်အတွက် ရွှေတွင်းတစ်တွင်းလျှင် လစဉ် ဘတ်သန်းနှင့်ချီကာ ဌာနဆိုင်ရာများထံ ပေးကမ်းလုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တရားမဝင်ရွှေတွင်းများ လုပ်ကိုင်ခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ကို အများဆုံးပေးရပြီး ဌာနဆိုင်ရာများအပြင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများအထိပါ လာဘ်ငွေပေးရကြောင်း ကိုယ်တိုင်ပေးနေရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ထွေအုပ်ဆိုရင် DC အတွက်ပေါ့၊ တစ်လကို ဘတ် ၂ သိန်းပေးရတယ်။ ခရိုင်ရဲမှူးကို တစ်သိန်းပေးရတယ်။ လုပ်ကွက်အကြီးအသေးပေါ်တော့ မူတည်တယ်။ တလကို ဘတ် ၁၀ သိန်းနဲ့အထက်ပေးရတယ်” ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့နယ်၊ တာလေမြို့ဧရိယာအတွင်းနှင့် မိုင်းကိုးကျေးရွာအုပ်စုများအတွင်း၌ တရားမဝင် ရွှေတူးဖော်မှု အများအပြားရှိနေပြီး အနည်းဆုံး လုပ်ကွက် ၅၀ ခန့်ရှိကြောင်း၊ လုပ်ကွက်အများစုမှာ ဧကရာနှင့်ချီကျယ်ဝန်းကြောင်း သိရသည်။

“ရွှေလုပ်တဲ့သူတွေက တရားဝင်ဖြစ်အောင်တော့ ကြိုးစားနေတာပဲ။ ဒါပေမယ့် မကျလာဘူး။ အဲဒီတော့ ပေးကမ်းပြီးပဲ လုပ်နေရတာ” ဟု ရွှေတူးဖော်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းရွှေလုပ်ကွက်များမှာ ကိုဗစ်-၁၉ ဖြစ်ပွားသည့် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်း ခေတ္တရပ်နားသွားသော်လည်း အာဏာသိမ်းသည့် ၂၀၂၁ နောက်ပိုင်း ပြန်လည်လုပ်ကိုင်လာပြီး လုပ်ကွက်များလည်း များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

တရားမဝင်လုပ်ကွက်များဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ ထိခိုက်မှုကိုလည်း အလေးမထားဘဲ စိတ်တိုင်းကျလုပ်ဆောင်နေကြောင်း၊ ရွှေလုပ်ကွက်များမှာ တောင်ပေါ်တွင်တူးဖော်ကြခြင်းဖြစ်သည့်အတွက် သစ်တောပြုန်းတီးမှုများရှိသလို တောင်များလည်းပျက်စီးလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

တာလေမြို့အတွင်းရှိ ရွှေနှင့် သတ္တုလုပ်ကွက်များတွင် အသုံးပြုသည့် ဆိုင်ရာနိုက်မှာ လူနှင့် သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေပြီး ယင်းဆိုင်ရာနိုက်များမှာ တာလေမြို့အတွင်းရှိ နမ့်လင်းချောင်းမှတဆင့် မဲခေါင်မြစ်အတွင်း စီးဝင်သွားကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

ယင်းသို့စီးဝင်သွားပြီး မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူများပါ အဆိပ်သင့်မှု ခံစားရသည့်အတွက် ထိုင်းနိုင်ငံပြည်သူများက ရှမ်းပြည်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကို မတ်လ ၁၄ ရက်တွင် ဆန္ဒပြကြသည်။

ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသည့် နုံးအနယ်အနှစ်များတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှု အများဆုံးဖြစ်နေပြီး ဇင့်ပါဝင်မှုမှာသတ်မှတ်ထားသည့်ပမာဏထက် ၁၈ ဆပိုများ နေကြောင်း သိရသည်။

ရှမ်းပြည်အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ဆိုးရွာလှသည့် စံချိန်တင် ရေကြီးနစ်မြုပ်မှုကို ကြုံခဲ့ရပြီး ယင်းမှာ တရားမဝင်ရွှေနှင့် သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

#MeKongNews
#တာချီလိတ်
#ရွှေတူး
#ရွှေလုပ်ကွက်
#လာဘ်ငွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now