နေ့စဥ်သတင်း

အိုးဘိုထောင် ငလျင်ဒဏ်ကြောင့် အဆောင်ပြိုပြီး အမျိုးသမီး နိုင်ကျဥ်း ၆ ဦး သေဆုံး

မဲခေါင် 6 Apr - 2025
မဲခေါင်၊ ဧပြီ ၆ ငလျင်ဒဏ်ကြောင့် မန္တလေးရှိ အိုးဘိုအကျဥ်းထောင်တွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသူ ၆ ဦး၏ အမည်စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှ ဧပြီလ ၅ ရက်တွင် အသိပေးထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် (၁) နှင့် အဆောင် (၂) တို့ ပြိုကျခဲ့သည့်အတွက် ယင်းအဆောင်များတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများထဲမှ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း နှင့် မဖူးဝေဝေ တို့ အသက်ဆုံးရှုံးခဲ့ကြောင်း PPNM အနေဖြင့် စုံစမ်းအတည်ပြု သိရှိထားသည်ဟု ဆိုသည်။ ငလျင်ကြောင့်

မဲခေါင်၊ ဧပြီ ၆

ငလျင်ဒဏ်ကြောင့် မန္တလေးရှိ အိုးဘိုအကျဥ်းထောင်တွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသူ ၆ ဦး၏ အမည်စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှ ဧပြီလ ၅ ရက်တွင် အသိပေးထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် (၁) နှင့် အဆောင် (၂) တို့ ပြိုကျခဲ့သည့်အတွက် ယင်းအဆောင်များတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူများထဲမှ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း နှင့် မဖူးဝေဝေ တို့ အသက်ဆုံးရှုံးခဲ့ကြောင်း PPNM အနေဖြင့် စုံစမ်းအတည်ပြု သိရှိထားသည်ဟု ဆိုသည်။

ငလျင်ကြောင့် အိုးဘိုထောင်တွင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးမှုရှိကြောင်း သတင်းအချက်အလက်ရရှိမှု အပေါ်မှုတည်၍ PPNM အနေဖြင့် စုံစမ်းအတည်ပြုခဲ့ရာ အထက်ဖော်ပြပါ နိုင်ငံရေးအကျဉ်းသူ (၆)ဦး ပါဝင်ခဲ့ကြောင်းသိရှိရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ကျဆုံးသွားသူတွေရဲ့ သက်ဆိုင်ရာမိသားစုဝင်တွေ သင်္ဂြိုလ်ခွင့်မရဘူးလို့ သိရပါတယ်။ ဖုန်းလိုင်းတွေ ပျက်နေတဲ့အချိန် အရေးပေါ်သင်္ဂြိုလ်တာတွေ သိခွင့်တောင်မရကြပါဘူး” ဟု PPNM မှ ဦးသိုက်ထွန်းဦးက မဲခေါင်ကို ပြောသည်။

ငလျင်ကြောင့် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ နိုင်ကျဥ်း ၉ ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ ၄၀ ကျော်ရှိကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရသူများစွာရှိသည်ဟု PPNM ထံမှ သိရသည်။

“ခြေကျိုး၊ လက်ကျိုး၊ ခေါင်းပေါက်သူတွေ ရှိတယ်။ အသက်ရှင်သန်နေဆဲ မသေဆုံးနိုင်ဘူးလို့ ယူဆခံထားရတဲ့သူတွေမှာတော့ ဆေးကုသခွင့်ရဖို့ တောင်းဆိုနေရဆဲ ဖြစ်ပါတယ်” ဟု ဦးသိုက်ထွန်းဦးက ဒဏ်ရာရသူများ၏ အခြေအနေကို ရှင်းပြသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေကြကြောင်း၊ စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနအနေဖြင့် ၎င်းတို့ဘက်ကို အာရုံစိုက်လာမည် စိုးရိမ်သည့်အတွက် သေဆုံးသူနှင့် ဒဏ်ရာရသူစာရင်းကို တရားဝင်မထုတ်ပြန်ဘဲ ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖုံးကွယ်ထားခြင်း မပြုဘဲ ပွင့်လင်းစွာ ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း ဦးသိုက်ထွန်းဦးက တောင်းဆိုသည်။

လက်ရှိ အကျဉ်းထောင်များတွင် ဆေးဝါးလိုအပ်ချက် များစွာရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်းများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#အိုးဘိုထောင်
#စစ်ကိုင်းငလျင်
#PPNM
#နိုင်ငံရေးအကျဉ်းသား
မှတ်ချက် – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now