မဲခေါင်၊ ဧပြီ ၅
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် ဘန်ကောက် အထပ် ၃၀ စာရင်း စစ်ရုံးမှ သေဆုံးဒဏ်ရာရ လုပ်သားများအတွက် နစ်နာကြေးများကို တစ်ပတ်အတွင်း ထုတ်ပေးသွား တော့မည်ဖြစ်ကြောင်းနှင့် လတ်တလော သေဆုံးဒဏ်ရာရသူများအရေအတွက်အရ ဘတ် ၁၇ . ၄ သန်း ပေးသွားမည်ဟု ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ စာရင်းဇယားအရ ဒဏ်ရာရသူ ၉ ဦးတွင် ထိုင်းလုပ်သား ၆ ယောက်၊ ပြည်ပသား ၂ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ တစ်ဦးပါဝင်ပြီး သေဆုံးသူ ၁၅ ဦး (ထိုင်း ၁၀ ယောက်၊ နိုင်ငံခြားသား ၃ ယောက်၊ မည်သည့်နိုင်ငံသားမှန်းမသိ ၂ ယောက်)ရှိကာ ပျောက်ဆုံး ၇၉ ယောက် ရှိသည်ဟု သိရသည်။
ထို့ကြောင့် သေဆုံးဒဏ်ရာရသူများအတွက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းမှ အထောက်အထား စာရွက်စာတမ်းများကို ပြည့်စုံစွာတင်ပြပြီးပါက တစ်ပတ်အတွင်း ပေးအပ်သွားမည်ဟု အလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။
သေဆုံးသူ ၁၅ ယောက်အတွက် လူမှုဖူလုံရေးရုံးမှ လူမှုရေးအာမခံကြေး စုစုပေါင်း ၁၂၇၃၃၆၄၁ ဘတ် ပေးသွားမည်ဖြစ်ကာ လူမှုလုံခြုံရေးအကျိုးခံစားခွင့်အဖြစ် ၂၂ ဦးအတွက် ကုသစားရိတ် စုစုပေါင်း ၁၇၄၂၁၄၇၉ ဘတ်၊ အသုဘစားရိတ် ဘတ် ၈၅၀၀၀၀၊ သေဆုံးမှုအတွက် နစ်နာကြေး စုစုပေါင်း ၁၅၆၁၀၃၉၂ ဘတ်၊ သက်ကြီးရွယ်အိုလျော်ကြေး ၉၆၁၀၈၇ ဘတ်နှင့် လတ်တလော တိကျ ဒဏ်ရာရ သေဆုံးမှုများအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၁၇ . ၄ သန်း ပေးသွားမည်ဟု အလုပ်သမား ဝန်ကြီးက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
Ref:The Reporters
ကိုကလင်း
#MekongNews
#ဘန်ကောက်
#ပြိုကျ
#လျော်ကြေး
#ငလျင်








