မဲခေါင်၊ ဧပြီ ၄
မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ပြင်းအား ၇ . ၇ ရှိ ငလျင် ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ငလျင်ဒဏ် ပြင်းထန်သက်ရောက် မှုရှိခဲ့ရာ ဧပြီ ၃ ရက်နေ့တွင် မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရင်းခရိုင်ခွဲ ခွန်ယူအမ် ရွာ စိုပျိုးခင်းများ၌ တွင်းနက်ကြီးများ ရုတ်တရက် ပေါ်ပေါက်လာကြောင်း သိရသည်။
ခွန်ယူအမ် ဒေသအကြီးအကဲနှင့်အတူ ဘူမိဗေဒ ပညာရှင်များ ယင်းတွင်းနက်ကြီးများသို့ သွားရောက်လေ့လာခဲ့ကြပြီး ငလျင်ကြောင့် မြေအောက်ရေကြောင်းအပြောင်းအလဲ ဖြစ်ရာမှာ တွင်းကြီးများ ပေါ်ပေါက်လာရသည်ဟု ကောက်ချက်ချခဲ့ကြသည်။
ငလျင်ကြောင့် မြေအောက်ရေစနစ်ပြောင်းလဲရာတွင် တွင်းများအောက်ရှိ သိုလှောင်ထားသော ရေများသည် မြေအောက် ရေအနိမ့်အမြင့်စီးကြောင်းပါ ပြောင်းလဲသဖြင့် ရေများ ရွေ့လျား နိမ့်ကျစီးဆင်းသွား ရာမှ တွင်းများအဖြစ် ချိုင့်ဝင်ကုန်ခြင်းဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#MyanmarEarthquake
#တွင်းနက်ကြီးများ
#မယ်ဟောင်ဆောင်
#စစ်ကိုင်းငလျင်








