နေ့စဥ်သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံထဲမှ အချက်ပေးသံကြားရသဖြင့် အသက်ရှင်နေသူများ ရှိနေသေး

မဲခေါင် 3 Apr - 2025
မဲခေါင်၊​ ဧပြီ ၃ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှုတွင် ဧပြီ ၂ ရက်ည ဒေသစံတော် ချိန် ည ၁၀ နာရီက အပျက်အစီးပုံများအတွင်း တပ်ဆင်ထားသော အသံလှိုင်းဖမ်းစနစ်ဆိုနာမှ တစ်ဆင့် အပျက်အစီးပုံများထဲမှ အချက်ပေးလှုပ်ရှားသံ ကြားရကြောင်း ယင်းနေရာတွင် ဆက်တိုက် အားသွန် ခွန်စိုက် ကူညီနေသော ဘန်ကောက်မြို့တော်ဝန် ဆစ်တီပန့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဧပြီ ၃ ရက်မတိုင်ခင် ယင်းအဆောက်အအုံပျက်ကျမှု၌ သေဆုံးအလောင်း ၁၅ လောင်းရရှိခဲ့ပြီး ၇၀ ကျော်မှာ အပျက်အစီးပုံကြီး၏ အလယ်ဗဟိုအောက်ဆုံးနားတွင် စုပြုံတည်ရှိနေသည်ဟု ပုံရိပ်ဖမ်း နည်းပညာများအရ သိရှိရသည်။ ဧပြီ ၂ ရက်

မဲခေါင်၊​ ဧပြီ ၃

ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှုတွင် ဧပြီ ၂ ရက်ည ဒေသစံတော် ချိန် ည ၁၀ နာရီက အပျက်အစီးပုံများအတွင်း တပ်ဆင်ထားသော အသံလှိုင်းဖမ်းစနစ်ဆိုနာမှ တစ်ဆင့် အပျက်အစီးပုံများထဲမှ အချက်ပေးလှုပ်ရှားသံ ကြားရကြောင်း ယင်းနေရာတွင် ဆက်တိုက် အားသွန် ခွန်စိုက် ကူညီနေသော ဘန်ကောက်မြို့တော်ဝန် ဆစ်တီပန့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဧပြီ ၃ ရက်မတိုင်ခင် ယင်းအဆောက်အအုံပျက်ကျမှု၌ သေဆုံးအလောင်း ၁၅ လောင်းရရှိခဲ့ပြီး ၇၀ ကျော်မှာ အပျက်အစီးပုံကြီး၏ အလယ်ဗဟိုအောက်ဆုံးနားတွင် စုပြုံတည်ရှိနေသည်ဟု ပုံရိပ်ဖမ်း နည်းပညာများအရ သိရှိရသည်။

ဧပြီ ၂ ရက် ည ၁၀ နာရီတွင် တချို့သောသတင်းများအဆိုအရ ငိုယိုပြီး ကယ်တင်ပေးရန် တောင်းဆိုသံများကြားရသည်ဟု ဆိုသလို အသံလှိုင်းဖမ်းစက် ဆိုနာမှ တစ်ဆင့် အပျက်အစီးပုံအတွင်းမှ လူသားအချက်ပေးသံများလည်း အမှန်တကယ်ကြားရသဖြင့် ဆက်လက် အရှိန်မြင့်ကယ်တင်သွားမည်ဟု မြို့တော်ဝန် ဆစ်တီပန့်က ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် အသံကြားရာနေရာကို တွက်ချက်ကြည့်ရာ အပေါ်တွင် ကွန်ကရစ်ချပ်ပြားပေါင်းများစွာ ထပ်နေပြီး တန် ၆၀ ရှိသော ကွန်ကရစ်များကို အကြီးစား ကရိန်းများအသုံးပြုပြီး ရှင်းရဦးမည်ဖြစ် သည့်အတွက် အသက်ရှင်သန်သူ ရှိခဲ့လျှင်ပင် ကယ်တင်ရန် ခက်ခဲစွာကြိုးစားရဦးမည်ဟု ဆစ်တီပန့် က ဆိုသည်။

တစ်ညလုံး ကရိန်းအကြီးစားများဖြင့် ဖယ်ရှာမှုပြုလုပ်ပြီးနောက် ဧပြီ ၃ ရက် မနက်ပိုင်းတွင် ထိုင်းပြည်တွင်းနှင့် ပြည်ပမှ ကယ်ဆယ်ရေးအဖွဲ့များသည် စက်ယန္တရားများအသုံးပြုမှုကို ပြန်လည် ရပ်ဆိုင်းကာ လူသားရင်းမြစ်ကိုသာ အသုံးပြုပြီး ဆက်လက် တူးဖော်မှုများ ပြုလုပ်နေခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်
#စာရင်းစစ်ရုံး
#အသက်ရှင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now