မဲခေါင်၊ ဧပြီ ၃
ဧပြီ ၁ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာနမှ တင်သွင်းထားသည့် မီတာခ လျော့ချပေးရေးအဆိုကို ကနဦး ၄ လ ခွင့်ပြုချက်ပေးလိုက်ကြောင်းနှင့် လက်ရှိ မီတာခ တစ်ယူနစ် (One kilowatt-hour/kWh) ၄ . ၁၅ ဘတ်မှ ၃ . ၉၉ ဘတ်သို့ လျော့ချပေးလိုက်ပြီဟု ဝန်ကြီးချုပ် ပေထောင်တန်က အတည်ပြုကြေညာခဲ့သည်။
မေ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ယခင်ထက် ၄ ရာခိုင်နှုန်း လျော့ချကာတစ်ယူနစ် ၃ . ၉၉ ဘတ်နှုန်း ကောက်ခံခြင်းမှာ မိသားစုများအတွင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွင်း ကြွေးမြီမြင့်တက်နေမှုကို အတတ်နိုင်ဆုံးလျော့ချပေးနိုင်ရေးအတွက် ရည်ရွယ်ကြောင်း၊ ဆုံးဖြတ်ချက်အတည်ချမှတ်မှုကို ဧပြီ လကုန်ပိုင်း စွမ်းအင်စည်းမျဉ်းသတ်မှတ်ရေးကော်မရှင် အစည်းအဝေး (ERC) အပြီး အတည်ပြုထုတ် ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ပေထောင်တန်က ဆိုသည်။
ပေထောင်တန်၏ ဖခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်က မကြာသေးခင်ကပင် မီတာခ တစ်ယူနစ် ၂ . ၇၀ အထိ လျော့ချချင်ကြောင်း ဖွင့်ပြောခဲ့သော်လည်း ထိုင်းနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ပိုင်းဆိုင်ရာ စည်မျဉ်းဥပဒေများကို ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နှင့် အစိုးရပိုင် PTT စွမ်းအင်ကုမ္ပဏီတို့က ချုပ်ကိုင်ထားပြီး ထိုစျေးမျိုးလျော့ချပေးလျှင် လက်ရှိ ၎င်းတို့လက်အောက်၌ ကန်ထရိုက်စာချုပ်များဖြင့် လုပ်ငန်းယူထားသည့် ကုမ္ပဏီအဖွဲ့အစည်းများ ရပ်တည်ရန် ခက်ခဲ့ကာ အကြွေးပိသွားနိုင်သည်ဟု တုံ့ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ စွမ်းအင်နှင့် သဘော၀ဓာတ်ငွေလုပ်ကွက်များကို လုပ်ပိုင်ခွင့်ရထားခြင်းကြောင့် နိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်ထက် ၃၀ ရာခိုင်နှုန်း ပိုမို ရရှိထားကာ နိုင်ငံအများစုထက် လျှပ်စစ် ပိုလျှံမှု ၂ ဆ ရှိနေသော နိုင်ငံဖြစ်သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#လျှပ်စစ်မီတာခ
#ဈေးလျှော့
#ဝန်ကြီးချုပ်








