မဲခေါင်၊ ဧပြီ ၂
အင်အားပြင်းငလျင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ပြီးနောက် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီ ၂) ည ကြေညာသည်။
ထိုကြေညာချက်တွင် အများပြည်သူသွားလာနေသည့် လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြည်သူများကို တိုက်ခိုက်ခြင်း၊ လုံခြုံအဖွဲများကို တိုက််ခိုက်ခြင်း၊ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးရေးကို ထိခိုက်နိုင်မည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်း မပြုလုပ်ရန်၊ ယင်းသို့ ပြုလုပ်လာလျှင် တုံ့ပြန်မည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီနှင့် တိုက်ခိုက်နေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ငလျင်ကြောင့် တိုက်ခိုက်နေမှုကို တစ်လ ရပ်နားမည်ဟု ကြေညာသည်။ NUG ကလည်း ထိုးစစ် နှစ်ပတ်ရပ်နားမည် ကြေညာထားသည်။
လက်ရှိတွင် ငလျင်ဘေးဖြစ်နေသော်လည်း လက်နက်ကိုင်တိုက်ခိုက်နေသည့် ဒေသများတွင် စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နိုင်ငံတကာမှ ဝေဖန်နေချိန် အပစ်ရပ်ခြင်းဖြစ်သည်။
#MeKongNews
#စစ်ကောင်စီ
#အပစ်ရပ်
#ငလျင်ဘေး
#တိုင်းရင်းသား








