မဲခေါင်၊ ဧပြီ ၁
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် အောင်ပန်းမှ ပင်းတယဘက်အထွက်တွင်ရှိသည့် ကျေးရွာအချို့တွင် နေအိမ်နှစ်ရာကျော် ငလျင်ဒဏ်သင့်ကာ ပျက်စီးဆုံးရှုံးပြီး ဘုန်းကြီးတစ်ပါး ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိခိုက်ပျက်စီးရသည့်ရွာများမှာ ဖုန်းလိုင်းအခက်အခဲရှိသည့် ပိန္နဲပင်ရွာ၊ စေတီကုန်းရွာ၊ တောင်ပဲ့ရွာတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပိန္နဲပင်ဆို ၆ အိမ်ပဲ မပြိုတာ၊ ရွှေမင်းဘုန်းစေတီပြိုတာ ဆရာတော်တစ်ပါးထိပေမယ့် ဒဏ်ရာမပြင်းဘူး” ဟု ၎င်းက ပြောသည်။
ယင်းငလျင်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားရသည့် ဒေသခံများသည် နီးစပ်ရာ ဘုန်းကြီးကျောင်းမျာတွင် သွားရောက်ခိုလှုံနေကြရပြီး အကူအညီများ လိုအပ်နေကြောင်းသိရသည်။
ငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် သေဆုံးသူ ၃၀၃၄ ဦး၊ ဒဏ်ရာရသူ ၃၅၁၇ ဦးနှင့် ပျောက်ဆုံး ၄၉၈ ဦးရှိကြောင်း စစ်ကောင်စီ၏ မတ်လ ၃၁ ရက် စာရင်းအရ သိရသည်။
DVB သတင်းဌာနမှ ပြုစုထားသည့် စာရင်းများအရ မတ်လ ၃၁ရက် ည ၈နာရီအထိ ငလျင်ကြောင့် သေဆုံးသူ ၃၁၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၅၆၅ ဦးနှင့် ပျောက်ဆုံးသူ ၄၉၈ ဦးရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#စစ်ကိုင်းငလျင်
#MyanmarEarthquake
#ပင်းတယ
#ရှမ်းတောင်








