မဲခေါင်၊ မတ် ၃၁
မတ် ၂၈ ရက်တွင် စစ်ကိုင်းငလျှင် လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှုအတွက် ကနဦးစုံစမ်းစစ်ဆေးမှုအရ အပျက်အစီးပုံများထဲမှ သံမဏိ နမူနာများကို စစ်ဆေးရာ သံမဏိအမျိုးအစား ၆ မျိုးအထိ ကွဲလွဲမှုရှိပြီး အများစုကို ကုမ္ပဏီတစ်ခုတည်းမှ ထုတ်လုပ်ထားသည့် ပုံမှန်မဟုတ်သော ဖြစ်စဉ် တွေ့ရှိသည်ဟု ထိုင်းစက်မှုဝန်ကြီး အကာနက်ပရွမ်ဖန် က မတ် ၃၀ ရက်တွင် ပြောဆိုသွားခဲ့သည်။
ထိုင်းတွင် ငလျှင်ရိုက်ခတ်မှု၌ ၉၅ ရာခိုင်နှုန်းသော အထပ်မြင့်တိုက်များ ထိခိုက်ပျက်ဆီးမှု မရှိဘဲ အဆိုပါ ဘတ် ၂ ဘီလီယံကျော် ဘတ်ဂျက်ချပေးထားသည့် ဆိုက်သာ အပုံလိုက်ပြိုကျခဲ့ပြီး လက်ရှိ အပျက်အစီးပုံများထဲ့ ၇၆ ယောက် ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသေးကြောင်း သိရသည်။
တရုတ်နှင့် ထိုင်း ပူးပေါင်းတည်ဆောက်သော အဆိုပါ စာရင်းစစ်ရုံးအပျက်အစီးပုံများထဲမှ အရည် အသွေးစစ်ဆေးရန် ကောက်ယူစစ်ဆေးနေမှု၌ ထူးခြားမှုမှာ အသုံးပြုထားသည့် သံမဏိ အမျိုးအစား ၆ မျိုးအထိ တွေ့ရကြောင်းနှင့် အားလုံးနီးပါး ထုတ်လုပ်သူမှာ တစ်ကုမ္ပီတည်းဖြစ်နေသည်ကို အံ့အား သင့်စရာတွေ့ခဲ့ရသည်ဟု အကာနက်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
အဆုံးစွန်အထိ အတိအကျမသိရသေးဘဲ ထိုထက်ပိုမပြောနိုင်သေးဟု အကာနက်က ဆိုသော်လည်း အရည်အသွေး အတိမ်အနက်အလိုက် အမျိုးအစား ၆ မျိုးကွဲသော သံမဏိအသုံးပြုထားခြင်းသည် အံ့ဩဖွယ်ရာဖြစ်နေရာ အရည်အသွေးမမီသော သံမဏိများ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းအတွက် စနစ်တကျ ဓာတ်ခွဲစစ်ဆေးပြီးလျှင် ဥပဒေကြောင်းအရ အရေးယူသွားရမည်သာဖြစ်သည်ဟု ပြော သွားခဲ့သည်။
ထိုစစ်ဆေးမှုများတွင် ပိုမိုပွင့်လင်းမြင်သာသော ဖုံးကွယ်ထားမှုများ ဖော်ထုတ်နိုင်ရေး မီဒီယာများကပါ ဝိုင်းဝန်းဖော်ထုတ်ရန် အကူအညီတောင်းကြောင်းပါ အကာနက်က ဖိတ်ခေါ် ပြောဆို သွားသည်။
Ref:The Nation
#MeKongNews
#ငလျင်
#ထိုင်း
#ဘန်ကောက်
#ပြိုကျ
#အဆောက်အဦ








