မဲခေါင်၊ မတ် ၃၁
ထိုင်းဘဏ္ဍာရေးဝန်ကြီး ဖိချိုင်က စစ်ကိုင်းငလျှင်ရိုက်ခတ်မှုကြောင့် ဘဏ်ကောက်တွင် အဆောက် အအုံ ၅၅၀၀ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ဘတ် ဘီလီယံ ၁၀၀ ဖိုး နစ်နာဆုံးရှုံးသော်လည်း နိုင်ငံ စီးပွားရေး ထိခိုက်စရာမရှိဟု မတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
ဝန်ကြီးဖိချိုင်က ငလျှင်ဒဏ်ကြောင့် နိုင်ငံ အာမခံကော်မရှင် (OIC) နှင့် အာမခံကုမ္ပဏီများအကြား ပျက်ဆီးမှုချင့်တွက်ကာ အာမခံကြေးပေးခြင်းကိစ္စရပ်များ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းရန် မှာကြားထားပြီး ကျန်နိုင်ငံစီးပွားရေးလုပ်ငန်းအားလုံးအနေအထားကိုလည်း စေ့စပ်စွာစောင့်ကြည့်နေမှု အရ ထိခိုက်သက်ရောက်မှု မရှိကြောင်း၊ ထို့ကြောင့် ငလျှင်ဒဏ်သင့်သူများအား အာရုံစိုက် ကူညီနိုင်ရေး သာ အဓိကကျသည့်အနေအထားဖြစ်သည်ဟု ရှင်းလင်းပြောဆိုသွားခဲ့သည်။
ကိုဗစ် ၁၉ ကာလက ထိခိုက်ဆုံးရှုံးမှုပမာဏ ဘတ် ၁၅၀ ဘီလီယံရှိခဲ့သော်လည်း ယခု ငလျင်ဒဏ်တွင် ဘတ် ၁၀၀ ဘီလီယံဝန်းကျင်သာ ထိခိုက်ဆုံးရှုံးရပြီး ဘန်ကောက်ချက်တူချက် အထပ် ၃၀ စာရင်းစစ်ရုံး ပြိုကျမှု၌ ဆောက်လုပ်ရေးဘတ်ဂျက် ဘတ် ၂ . ၁၃၆ ဘီလီယံတန်ကြေးရှိသည့် အဆိုပါရုံး လုပ်ငန်းပြီး စီးမှုမှာ ၅၀ ရာခိုင်နှုန်းသာရှိသဖြင့် ဘတ် ၁ ဘီလီယံဝန်းကျင် အာမခံကြေး ရရှိစေရေး အာမခံထားရှိ သည့် Siam Consultants & Brokers ကုမ္ပဏီနှင့် ကုမ္ပဏီခွဲ ၄ ခုနှစ် ချင့်တွက် တွက်ချက်ရမည်ဟု လည်း ဖိချိုင်က ရှင်းလင်းပြောဆိုသွားခဲ့သည်။
Ref:Bangkokpost
#MeKongNews
#ဘန်ကောက်ငလျင်
#အဆောက်အဦ
#စီးပွားရေး
#ထိုင်း








