မဲခေါင်၊ မတ် ၃၁
ထိုင်းနိုင်ငံ ဘန်ကောက် ချက်တူချက်အရပ်၌ ဆောက်လက်စ အထပ် ၃၀ မြင့်တိုက်ပြိုကျမှုတွင် မတ် ၃၀ ရက်ညပိုင်းက ရှာဖွေနေသော ဇုန် (A) နှင့် (B) နေရာများအတွင်း အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာနှင့် ရှာဖွေကြည့်ရာ လှုပ်ရှာနေပြီး ရှင်သန်နေသည်ဟု ယုံကြည်ရသည့် လူ အနည်းဆုံး ၃ ယောက်ကို အာရုံခံဖမ်းမိသည်ဟု သိရသည်။
အဆိုပါ တရုတ်နှင့် ထိုင်းဖက်စပ် တည်ဆောက်နေသော စာရင်းစစ်ရုံးတွင် ပုံမှန်အားဖြင့် နေ့စဉ် ဝန်ထမ်းလုပ်သား ၄၀၀ ဝန်းကျင် အလုပ်လုပ်နေကြဖြစ်ကာ အခင်းဖြစ်ချိန်မှာလည်း ထမင်း ထွက်စားချိန်ဖြစ်သောကြောင့် မည်မျှ လုပ်ငန်းခွင်ထဲ ရှိကြောင်း မသိရသေးဘဲ ပြိုကျပြီးနောက် လူများ အစုလိုက်ကွဲကွာနေခြင်းကလည်း ပိတ်မိစာရင်းကို အတိအကျ ခန့်မှန်းနိုင်ခြင်းမရှိဟု တာဝန်ရှိသူများ က ဆိုသည်။
သို့သော် သေဆုံး ၁၈ ဦးအလောင်းရရှိပြီး အယောက် ၃၀ ကျော် ဒဏ်ရာရမှု ဆေးရုံတင် ထားကြောင်းနှင့် အပျက်အစီးပုံကြားထဲ အယောက် ၇၀ ဝန်းကျင်ရှိဦးမည်ဟု ခန့်မှန်းဖော်ပြနေကြသည်။
ထိုအဆောက်အအုံပျက်အတွင်း ပိတ်မိသူများကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆက်လက်ကယ်ဆယ်သွားရန် သန္နိဌာန်ပြုထားကြောင်းနှင့် မတ် ၃၁ ရက်မနက် မိုးရွာသဖြင့် ကယ်ဆယ်မှုတွင် အပူဒဏ် သက်သာသော်လည်း အပျက်အစီးပုံများထဲ မိုးကြီးရေများ ဝင်ရောက် ခြင်းမရှိစေရန် ဦးစွာ စီစဉ်နေရကြောင်းနှင့် ကယ်ဆယ်မှုအနေအထားမှာလည်း အန္တရာယ်အလွန်များ သောအနေအထားတွင် ရှိနေသေးသဖြင့် ကယ်ထုတ်နိုင်ရန်မှာမူ ခက်ခံလွန်းနေသေးကြောင်း ဘန်ကောက်မြို့တော်ဝန် ဆစ်တီပန့်က ရှင်းလင်းပြောဆိုသည်။
Ref:Bangkokpost
#MeKongNews
#ဘန်ကောက်
#ပြိုကျ
#အာရုံခံကိရိယာ








