ငလျင်ဘေးကူညီရန် ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိ
မဲခေါင်၊ မတ် ၃၁
ဖျက်အားပြင်းငလျင်ဘေးကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ဗီယက်နမ်စစ်တပ်မှ ၁၀၆ ဦးပါသည့် ကူညီကယ်ဆယ်ရေးအဖွဲ့သည် ရန်ကုန်လေဆိပ်သို့ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။
ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ရှာဖွေရေးခွေးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများပါဝင်ပြီး လေယာဥ်နှစ်စင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်လေကြောင်းလိုင်းက ထုတ်ပြန်သည်။
ထိုအဖွဲ့သည် ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီး ဒေါ်လာ ၃ သိန်းလည်း လှူဒါန်းသွားမည်ဟု ဗီယက်နမ်သတင်းဌာနတွင် ကြေညာသည်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် မြို့အများစု ဒဏ်ခံရပြီး သေဆုံးသူ ၁၇၀၀ နီးပါးခန့် ရှိလာသည်။ ပျောက်ဆုံးသူများလည်း ထောင်ချီရှိနေပြီး ဒဏ်ရာရရှိသူများအား ကုသရေးအတွက် ဆေးရုံများ အခက်အခဲရှိနေသည်။
ငလျင်ဒဏ်ခံရသည့် မြို့များတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီပေးနေကြပြီး အသက်ရှင်လျက် ကယ်ထုတ်လာနိုင်သူများလည်း ရှိသည်။
#MeKongNews
#MyanmarEarthquak









