မဲခေါင်၊ မတ် ၂၈
မတ် ၂၈ ထိုင်းဒေသစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ် တင်ပြမှုအရ ဘန်ကောက် Chatuchak အရပ် ပြိုကျသွားသော ဆောက်လက်စ အထပ် ၃၀ မြေစာရင်းစစ်ရုံး အပျက်အဆီးပုံများထဲ ကယ်ဆယ်ရေး အဖွဲ့များ ကယ်ထုတ်နေရာမှာ သေဆုံး ၅ ယောက် (ကျား ၃၊ မ ၂ ) ခေါ်ထုတ်နိုင်ပြီး ဒဏ်ရာရ ၉ ဦးကို လည်း ကယ်ထုတ်ပြီး ဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။
အလုပ်ခွင့်မှတ်တမ်းအရ အဆိုပါလုပ်ငန်းခွင်အတွင်း ဝန်ထမ်း ၁၁၇ ဦး ကျန်ရှိနေသေးပြီး ငိုယို အော်ဟစ် အကူအညီတောင်းသံတွေ အပျက်အဆီးပုံများထဲမှ ကြားနေရဟု သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ငလျင်
#ဘန်ကောက်
#တိုက်ပြို
#သေဆုံး








