နေ့စဥ်သတင်း

အောင်ပန်းမှာ နွားမှောင်ခိုများလို့ နွားအစား ကျွဲပေါ်ရောင်းနေကြ

မဲခေါင် 21 Mar - 2025
မဲခေါင်၊ မတ်၂ ၁ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ပြည်ပသို့ နွားမှောင်ခိုတင်ပို့မှု များပြားပြီး နွားရှားပါးနေသဖြင့် အသားပေါ်ရာတွင် နွားအစား ကျွဲများပေါ်ရောင်းနေသလို အသားစျေးများလည်း မြင့်မားလာနေကြောင်း ဒေသခံများထံက သိရသည်။ အောင်ပန်းဒေသမှ နွားများ အပါအဝင် အသားလိုအပ်ချက်အတွက် အကြောင်းပြကာ ပြည်မဘက်မှ တင်သွင်းလာသည့် နွားများထဲမှ အားလုံးနီးပါးမှာ တရုတ်နှင့် ထိုင်းနိုင်ငံထံသို့ မှောင်ခိုပို့ဆောင်နေသည့်အတွက် နွားရှားပါးလာခြင်းဖြစ်ကြောင်း အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။ “ကန်ထရိုက်က ရောင်းရဖို့ထက် မှောင်ခိုသယ်ခွင့်က အရေးကြီးတာ၊ လမ်းဘယ်လောက်ပိတ်ပိတ် သူတို့လမ်းနဲ့သူတို့ သွားနေတာ။ စည်ပင်နဲ့လက်ဝါးချင်းရိုက်ထားသလို တိမွေးကုကလည်း သားသတ်လက်မှတ်ကို ငွေယူပြီး လက်မှတ်ထုတ်ပေးနေတော့ ခေါင်းနဲ့သားရေပြရောင်းရမယ်ဆိုပေမယ့် အဲဒါတွေ မရှိဘဲ ကျွဲတွေ ပေါ်ရောင်းနေတာ” ဟု ၎င်းက

မဲခေါင်၊ မတ်၂ ၁

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ပြည်ပသို့ နွားမှောင်ခိုတင်ပို့မှု များပြားပြီး နွားရှားပါးနေသဖြင့် အသားပေါ်ရာတွင် နွားအစား ကျွဲများပေါ်ရောင်းနေသလို အသားစျေးများလည်း မြင့်မားလာနေကြောင်း ဒေသခံများထံက သိရသည်။

အောင်ပန်းဒေသမှ နွားများ အပါအဝင် အသားလိုအပ်ချက်အတွက် အကြောင်းပြကာ ပြည်မဘက်မှ တင်သွင်းလာသည့် နွားများထဲမှ အားလုံးနီးပါးမှာ တရုတ်နှင့် ထိုင်းနိုင်ငံထံသို့ မှောင်ခိုပို့ဆောင်နေသည့်အတွက် နွားရှားပါးလာခြင်းဖြစ်ကြောင်း အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။

“ကန်ထရိုက်က ရောင်းရဖို့ထက် မှောင်ခိုသယ်ခွင့်က အရေးကြီးတာ၊ လမ်းဘယ်လောက်ပိတ်ပိတ် သူတို့လမ်းနဲ့သူတို့ သွားနေတာ။ စည်ပင်နဲ့လက်ဝါးချင်းရိုက်ထားသလို တိမွေးကုကလည်း သားသတ်လက်မှတ်ကို ငွေယူပြီး လက်မှတ်ထုတ်ပေးနေတော့ ခေါင်းနဲ့သားရေပြရောင်းရမယ်ဆိုပေမယ့် အဲဒါတွေ မရှိဘဲ ကျွဲတွေ ပေါ်ရောင်းနေတာ” ဟု ၎င်းက ပြောသည်။

အောင်ပန်း၌ လွန်ခဲ့သည့် ၆ လခန့်က အမဲသား တစ်ပိဿာကျပ် ၁၆၀၀၀ မှ ယခု ၃၂၀၀၀၊ အရိုးကပ်အသား ယခင် ၂၀၀၀ ကျပ်မှ ယခု ၈၀၀၀၊ ဝမ်းတွင်းသားအူစုံ ယခင် ကျပ် ၁၀၀၀၀ မှ ယခု ၁၆၀၀၀ စျေးရှိနေသဖြင့် စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်မှု နည်းပါးလာနေရသည်ဟု သိရသည်။

အသားအကြောင်းပြကာ ပြည်မဘက်မှသယ်လာသည့် နွားကား အနည်းဆုံး ၃ စီးမှ ၆ စီးခန့် တစ်ပတ်လျင် တစ်ခေါက် အောင်ပန်းမှ ဗထူး၊ ရပ်စောက်၊ အင်တောဘက်ထွက်နေသည်ဟု ဒေသခံများကဆိုသည်။

နွားစျေးများကို အောင်ပန်း၊ တောင်နီ၊ ဟဲဟိုးများ၌ တစ်တပတ်တစ်ရက်ပြုလုပ်နေပြီး တရုတ်မှ နွားထီးများသာဝယ်ယူသည့်အတွက် နွားထီးဈေးမှာ နွားမဈေးထက် ၂ ဆပိုများကြောင်း၊ နွားထီးစျေးမှာ ကောင်းရင် ကောင်းသလို တစ်ကောင်လျင် ကျပ် သိန်း ၆၀ မှ ၁၀၀ ကျော်အထိ ရှိနေပြီး နွားမစျေးမှာ တစ်ကောင်လျင် ကျပ် သိန်း ၂၀ နှင့် ၃၀ အကြားရှိကြောင်း သိရသည်။

အောင်ပန်းဒေသ၌ ဆိတ်သားမှာလည်း တစ်ပိဿာလျင်ယခင်ကျပ် ၂၆၀၀၀ မှ ယခု ၄၄၀၀၀ ကျပ် ၊ အရိုးအသား ၂၄၀၀၀ ကျပ်၊ ဝက်သား ယခင်ကျပ် ၂၄၀၀၀ မှ ယခု ၃၂၀၀၀ အထိ ၆ လကျော်ကာလအတွင်း တစ်လလျင် ကျပ် ၂၀၀၀ နှုန်းခန့်ဖြင့် မြင့်တက်လာနေကြောင်း သိရသည်။

မဟာ
#MeKongNews
#အောင်ပန်း
#နွားမှောင်ခို
#အမဲသား
#ကန်ထရိုက်
#ဈေးတက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now