နေ့စဥ်သတင်း

ကျိုင်းတုံ၊ ပန်လော့ရွာမှာ ကုန်ကားတစ်စီး ချောက်ထဲကျလို့ တစ်ဦးသေဆုံး

မဲခေါင် 21 Mar - 2025
မဲခေါင်၊ မတ် ၂၁ ကျိုင်းတုံမြို့နယ်၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့အနီးတွင် မတ်လ ၂၀ ရက် ညပိုင်းက ကုန်ကားတစ်စီး ချောက်ထဲကျသဖြင့် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့၊ မိုင်တိုင် အမှတ်(၄၀၃/၇)နှင့် (၄၀၄/၀)ကြားတွင် မတ်လ ၂၀ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ကုန်ကားတစ်စီး ချောက်ထဲကျတိမ်းမှောက်ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦး အနက် ၃ ဦး စိုးရိမ်ရဒဏ်ရာများ ရရှိကာ တစ်ဦးသေဆုံးကြောင်း၊ နှလုံးလှ လူမှုကူညီရေးအသင်းနှင့် တိုင်းနေ လူမှုကူညီရေး အသင်းတို့မှ သူနာတင်ယာဉ်များဖြင့်

မဲခေါင်၊ မတ် ၂၁

ကျိုင်းတုံမြို့နယ်၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့အနီးတွင် မတ်လ ၂၀ ရက် ညပိုင်းက ကုန်ကားတစ်စီး ချောက်ထဲကျသဖြင့် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့၊ မိုင်တိုင် အမှတ်(၄၀၃/၇)နှင့် (၄၀၄/၀)ကြားတွင် မတ်လ ၂၀ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ကုန်ကားတစ်စီး ချောက်ထဲကျတိမ်းမှောက်ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦး အနက် ၃ ဦး စိုးရိမ်ရဒဏ်ရာများ ရရှိကာ တစ်ဦးသေဆုံးကြောင်း၊ နှလုံးလှ လူမှုကူညီရေးအသင်းနှင့် တိုင်းနေ လူမှုကူညီရေး အသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဌာနမှ ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

သေဆုံးသူမှာ ယာဥ်မောင်းဖြစ်ပြီး အခင်းဖြစ်စဥ်အတွင်း ပွဲချင်းပြီးသေဆုံးကာ ကျန်သူများအနက် ကားအတွင်းညပ်နေသည့် ယာဥ်အကူကို အောက်စီဂျင်ပေးပြီး ယနေ့ မတ်လ ၂၁ ရက်၊ မနက် ၃ နာရီအထိ ကူညီကယ်ဆယ်ခဲ့ရသည်ဟု ကျိုင်းတုံကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားအောက်ပိနေတဲ့ ယာဉ်အကူကို အောက်ဆီဂျင်ပေးပြီး ကရိန်းနဲ့မထုတ်ပြီးတဲ့အထိ အသက်ရှင်အောင် စုပေါင်းကူညီပေးနိုင်ခဲ့တယ်”ဟု ၎င်းကဆိုသည်။

ယင်းနေရာသည် နှစ်စဥ်လို မကြာခဏ ယာဉ်တိမ်းမှောက်မှု၊ ချောက်ထဲကျမှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် လမ်းကို Safety နှင့် ပြန်လည်ပြုပြင် ဖောက်လုပ်သင့်ကြောင်း ကျိုင်းတုံမြို့နေအင်ဂျင်နီယာတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်ကလည်း ယင်းမိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ကျေးရွာအနီး၊ ကျိုင်းတုံ-တာချီလတ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁/၄)နှင့်(၁၁/၅)ကြားတွင် Nissan ဒီဇယ် ၁၂ ဘီးယာဉ်နှင့် Toyota Succeed ယာဉ်တို့ တိုက်မိပြီး မီးလောင်သွားသည့် Succeed ယာဉ်ပေါ်မှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ၆ ဦးသေဆုံးပြီး ၁၂ ဘီးယာဉ်မှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။

မဟာ
#MeKongNews
#ကျိုင်းတုံ
#ပန်လော့ရွာ
#ယာဉ်တိမ်းမှောက်
#ကြက်ခြေနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now