နေ့စဥ်သတင်း

အောင်ပန်းတွင် “၁၉ ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာသားပါ စာရွက်များဖြန့်ကြဲ

မဲခေါင် 19 Mar - 2025
မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ပေါ်ရှိ လမ်းမများပေါ်တွင် “၁၉ ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာသားပါ စာရွက်များ မတ်လ ၁၉ ရက် နံနက်အစောပိုင်းက လမ်းများပေါ် ဖြန့်ကြဲထားကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက အောင်ပန်းမြို့မှ လူငယ် ၁၉ ဦးခန့်ကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ၄ နှစ်ပြည့်မြောက်မည့်နေ့ဖြစ်သဖြင့် တော်လှန်ပြည်သူအချို့က ယင်းလူသတ်ပွဲနေ့ကို သတိရစေရန် အမှတ်တရလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းသည်ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။ “အဲဒီနေ့ကပေါ့ လမ်းမှာ ကာဗာလုပ်ထားတဲ့ အတားအဆီးတွေကို Loader နဲ့ ဖယ်ပြီး နောက်က

မဲခေါင်၊ မတ် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ပေါ်ရှိ လမ်းမများပေါ်တွင် “၁၉ ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာသားပါ စာရွက်များ မတ်လ ၁၉ ရက် နံနက်အစောပိုင်းက လမ်းများပေါ် ဖြန့်ကြဲထားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက အောင်ပန်းမြို့မှ လူငယ် ၁၉ ဦးခန့်ကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ၄ နှစ်ပြည့်မြောက်မည့်နေ့ဖြစ်သဖြင့် တော်လှန်ပြည်သူအချို့က ယင်းလူသတ်ပွဲနေ့ကို သတိရစေရန် အမှတ်တရလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းသည်ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“အဲဒီနေ့ကပေါ့ လမ်းမှာ ကာဗာလုပ်ထားတဲ့ အတားအဆီးတွေကို Loader နဲ့ ဖယ်ပြီး နောက်က လူငယ်တွေကို ပစ်သတ်တာ၊ ၁၉ ဦးလောက်သေတာ” ဟု ၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်၊ နံနက် ၉ နာရီနှင့် ၁၀ နာရီကြားနှင့် နေ့လယ် ၁ နာရီခန့်တို့တွင် ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ မြို့ဟောင်းနှင့် လက်မပင်ကြားရှိ အကာအကွယ်များကို ဖယ်ရှားပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းဒေသခံက မှတ်မိသမျှပြောပြသည်။

ယင်းသို့ စစ်ရာဇဝတ်မှု ကျူးလွန်မှုကိုစစ်ကောင်စီက အများပြည်သူသွားလမ်းကို ပိတ်ဆို့ထားသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

“ပါတဲ့တပ်တွေက တောင်လေးလုံးက ရဲတပ်ရင်း၊ ကလောက ပညာရေး ၃ နဲ့ အရင်က အမတ ၄၊ အခုအ မတ ၃၅၅ က အင်အား ၂၀၀ လောက်ရှိမယ်” ဟု ယင်းဖြစ်ရပ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတစ်ဦးက မဲခေါင်ကို ပြောသည်။

စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများကို အောင်ပန်းတွင် သင်္ဂြိုလ်ခွင့်မပြုဘဲ ကလောကိုသယ်ဆောင်ကာ မီးရှို့ခဲ့သည်ဟု သိရသည်။

ယခု သတိတရ စာရွက်ဖြန့်လှုပ်ရှားမှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ယမန်နေ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အတည်ပြု သေဆုံးသူ ၆၄၁၀ ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ ၃၁၀၀ ဦးခန့်ရှိနေကြောင်း သိရသည်။

မဟာ
#MeKongNews
#အောင်ပန်း
#မတ်၁၉
#စစ်အာဏာသိမ်း
#သတ်ဖြတ်
#ပြည်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now