မဲခေါင်၊ မတ် ၁၇
မြောက်ကိုရီးယားအနေဖြင့် ရုရှားကို စစ်ရေးအကူအညီများပေးခြင်းနှင့် စစ်သည်များစေလွှတ်ပေးခြင်းအတွက် ရှုတ်ချသလို နျူကလီးယားလက်နက်၊ ဒုံးကျည်များထုတ်လုပ်ပိုင်ဆိုင်ထားခြင်းကို စွန့်လွှတ်ရန် G7 အဖွဲ့က စုပေါင်းတောင်းဆိုချက်ကို မြောက်ကိုရီးယားက ပိုပြီးပင် အရေအတွက်အရရော၊ အရည်အသွေးအရပါ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု မတ် ၁၇ ရက်၌ တုံ့ပြန်သွားခဲ့သည်။
နျူကလီးယားပိုင်ဆိုင်မှုသည် အချုပ်အခြာအာ ဏာကို ကာကွယ်ပိုင်ခွင့်အတွက်သာ ဖြစ်ကြောင်း၊ အရေအတွက်၊ အရည်အသွေးပိုင်းအရပါ ပိုမိုတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကာ မိမိတို့ နျူကလီးယားအဆင့်အတန်းကို ပြင်ပကမ္ဘာမှ အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရည်မှန်းချက်ကို ပြောင်းလဲသွားမည်မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ဆိုသည်။
G7 အဖွဲ့အနေဖြင့် နျူကလီယားမျှဝေခြင်း သို့မဟုတ် တိုးချဲ့တားဆီးမှုပေးခြင်းကြောင့် တရားမဝင်နှင့် အန္တရာယ်ရှိသောနျူကလီးယားပြန့်ပွားမှုများကိုသာ အဓိက တားဆီးနိုင်ရန် ကြိုးစားသင့်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ဖော်ပြသွားခဲ့သည်။
၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားပြည်တွင်းဥပဒေများ၌ သတ်မှတ်ထားသည့်အတိုင်း ပြင်ပမှနျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် နျူကလီးယားလက်နက်များကို အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံးတွင် အရှိန်အဟုန်မြှင့်တင်ကာ အားကောင်းလာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သွားခြင်းဖြစ်သည်။
Ref:aa
ကိုကလင်း
#MeKongNews
#မြောက်ကိုရီးယား
#နျူကလိယား
#ဂျီဆဲဗင်း
#ရုရှား
#လက်နက်ထောက်ပံ့








