နေ့စဥ်သတင်း

မူဆယ်ဆင်ဖြူဂိတ် အကောက်ခွန်က တပိုင်တနိုင်ကုန်များကို ဖမ်းပြီး မတန်တဆဈေးဖြင့်ရွေးခိုင်း

မဲခေါင် 14 Mar - 2025
မဲခေါင်၊ မတ်၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ ဆင်ဖြူဂိတ်ဂိတ်တာဝန်ကျ အကောက်ခွန်တာဝန်ရှိသူများသည် တရုတ်နိုင်ငံဘက်မှဝယ်ယူလာသည့် တပိုင်တနိုင်ဆွဲကုန်များကို ဖမ်းဆီးပြီး မတန်တဆစျေးနှုန်းများဖြင့် ပြန်လည်ရွေးခိုင်းနေသဖြင့် အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံဘက်မှ ကန့်သတ်ထားခြင်းမရှိသည့် တန်ဖိုးနည်း အပေါ့စား ပိုက်ဆံအိတ်လို ကုန်ပစ္စည်းမျိုးကို အကောက်ခွန်ဌာနက အလေးချိန်ကျော်လွန်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးကာ ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်း၊ ယင်းပိုက်ဆံအိတ်၏ တန်ဖိုးမှာ ၂ ယွမ်ခွဲ (ကျပ် ၁၈၀၀) ခန့်သာ တန်ကြေးရှိသော်လည်း ဆင်ဖြူဂိတ်အကောက်ခွန်က တစ်အိတ်လျင် ကျပ် ၃၀၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း၊ အိတ်အားလုံးအတွက် ကျပ် ၂သိန်းခွဲဖြင့်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပေါစားပိုက်ဆံအိတ်လေးတွေ၊ ၁၂ ကီလိုလောက်ရှိတယ်။ လမ်းလျှောက်ပြန်သူတွေနဲ့

မဲခေါင်၊ မတ်၁၄

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ ဆင်ဖြူဂိတ်ဂိတ်တာဝန်ကျ အကောက်ခွန်တာဝန်ရှိသူများသည် တရုတ်နိုင်ငံဘက်မှဝယ်ယူလာသည့် တပိုင်တနိုင်ဆွဲကုန်များကို ဖမ်းဆီးပြီး မတန်တဆစျေးနှုန်းများဖြင့် ပြန်လည်ရွေးခိုင်းနေသဖြင့် အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ ကန့်သတ်ထားခြင်းမရှိသည့် တန်ဖိုးနည်း အပေါ့စား ပိုက်ဆံအိတ်လို ကုန်ပစ္စည်းမျိုးကို အကောက်ခွန်ဌာနက အလေးချိန်ကျော်လွန်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးကာ ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်း၊ ယင်းပိုက်ဆံအိတ်၏ တန်ဖိုးမှာ ၂ ယွမ်ခွဲ (ကျပ် ၁၈၀၀) ခန့်သာ တန်ကြေးရှိသော်လည်း ဆင်ဖြူဂိတ်အကောက်ခွန်က တစ်အိတ်လျင် ကျပ် ၃၀၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း၊ အိတ်အားလုံးအတွက် ကျပ် ၂သိန်းခွဲဖြင့်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပေါစားပိုက်ဆံအိတ်လေးတွေ၊ ၁၂ ကီလိုလောက်ရှိတယ်။ လမ်းလျှောက်ပြန်သူတွေနဲ့ ထည့်ပေးလိုက်တာ၊ အကောက်ခွန်က ဖမ်းလိုက်တာ လိုက်စုံစမ်းမှသိရတယ်။ ပြန်ရဖို့ ပြောတော့ ဟိုရက်ချိန်း ဒီရက်ချိန်းနဲ့၊ ပြန်ရွေးခိုင်းတော့ တစ်အိတ်ကို ကျပ် ၃၀၀၀ သတ်မှတ်ပြီး ကျပ်နှစ်သိန်းခွဲနဲ့ ရွေးရမယ်တဲ့။ ဒီကုန်တွေက စက်ပစ္စည်းလည်း မဟုတ်ဘူး။ တားမြစ်ထားတာလည်း မရှိဘူး။ ခုက ဖမ်းချင်ရင် ဖမ်းတယ်။ ဖမ်းချင်တဲ့ရက် ဖမ်းတယ်။ ဘာဥပဒေမှ မရှိဘူး။ လုပ်ချင်တိုင်း လုပ်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးသည့်အတွက် သယ်ယူခ၊ ပစ္စည်းအရင်းနှင့် ရွေးယူခပါ ပေါင်းလိုက်ပါက မူလတန်ဖိုး၏ ၃ ဆခန့် တန်ဖိုးမြင့်တက်သွားပြီး လက်လုပ်လက်စားများ အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

တရုတ်မှ ကုန်ပစ္စည်းများကို တပိုင်တနိုင် လမ်းလျှောက်သယ်ယူပြီး ဝင်ငွေရှာဖွေနေသူများထဲတွင် စစ်ဘေးရှောင်များလည်း ပါဝင်ပြီး ယင်းသို့ မူဆယ်တာဝန်ကျ အကောက်ခွန်ရုံးအပါအဝင် ဌာနစုံမှ တပိုင်တနိုင်သယ်ယူသူများကို မကြာခဏဖမ်းဆီးနေသည့်အတွက် အခက်ကြုံနေရကြောင်း မူဆယ်ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အလုပ်မရှိလို့ စားဖို့တပိုင်တနိုင်လေး လမ်းလျှောက်သယ်တာကို ဖမ်းနေတာ။ ရတာက တစ်သောင်းလောက်ပဲရတာ၊ ဒါလည်း ဖမ်းချင်သလို ဖမ်းနေတာ၊ လျော်ရတာလည်း မတတ်နိုင်ဘူး။ ကားနဲ့သယ်တာတွေကြတော့ မဖမ်းဘူး။ မရှိလို့ လုပ်စားတဲ့သူတွေကို နိုင်ငံသားချင်း နှိပ်စက်နေတာ၊ တရုတ်ဘက်ကတောင် ဒီအသေးအဖွဲလေးတွေကို ပြောကို မပြောတာ” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံကြယ်ဂေါင်ဘက်မှ မြန်မာနိုင်ငံ မူဆယ်ဘက်သို့ စက်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုကို ကန့်သတ်ထားဆဲဖြစ်သော်လည်း လူသုံးကုန်၊ အလှကုန်နှင့် အဝတ်အစားများကို မူဆယ်မြို့ ဆင်ဖြူဂိတ်မှ တပိုင်တနိုင် လမ်းလျှောက်သယ်ယူခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းအပေါ် မူဆယ်တာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ ဖမ်းဆီးကာ ငွေဖြင့် ပြန်ရွေးခိုင်းနေခြင်း ဖြစ်သည်။

#MeKongNews
#မူဆယ်
#ဆင်ဖြူဂိတ်
#အကောက်ခွန်
#ငွေညှစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now