နေ့စဥ်သတင်း

တန့်ယန်းတွင် ကျားဖြန့်လုပ်သူ ၁၆၆ ဦး ထပ်မံဖမ်းမိကြောင်း စစ်ကောင်စီကြေညာ

မဲခေါင် 14 Mar - 2025
မဲခေါင်၊ မတ်၁၄ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီနှင့် UWSA ပူးတွဲထိန်းချုပ်နေသည့် တန့်ယန်းမြို့နယ်၊ နားဟုတ် ကျေးရွာအုပ်စုအနီးတွင် ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၁၆၅ ဦးနှင့် မြန်မာ တစ်ဦးတို့အား မတ် ၁၂ ရက်တွင် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မည်သည့်နိုင်ငံသားဖြစ်သည်ဟု မဖော်ပြထားသော်လည်း ဒေသခံများကမူ တရုတ်နိုင်ငံသား အများစုဖြစ်ကြောင်းပြောသည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူများနှင့်အတူ လုပ်ငန်းအသုံးပြု StarLink ၂ စုံ၊ ဖုန်းနှင့် ကွန်ပြူတာများ၊ အဆောက်အဦများ၊ ပရိဘောဂများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ်လ ၉ ရက်က မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ

မဲခေါင်၊ မတ်၁၄

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီနှင့် UWSA ပူးတွဲထိန်းချုပ်နေသည့် တန့်ယန်းမြို့နယ်၊ နားဟုတ် ကျေးရွာအုပ်စုအနီးတွင် ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၁၆၅ ဦးနှင့် မြန်မာ တစ်ဦးတို့အား မတ် ၁၂ ရက်တွင် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မည်သည့်နိုင်ငံသားဖြစ်သည်ဟု မဖော်ပြထားသော်လည်း ဒေသခံများကမူ တရုတ်နိုင်ငံသား အများစုဖြစ်ကြောင်းပြောသည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူများနှင့်အတူ လုပ်ငန်းအသုံးပြု StarLink ၂ စုံ၊ ဖုန်းနှင့် ကွန်ပြူတာများ၊ အဆောက်အဦများ၊ ပရိဘောဂများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်က မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်တွင် ကျားဖြန့်များ အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည့်သတင်း မဲခေါင်က ဖော်ပြခဲ့ပြီးနောက် ယခု ရှမ်းမြောက်ရှိ တန့်ယန်းတွင် ကျားဖြန့်များ ထပ်မံ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ရှမ်းမြောက်တွင် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းစဉ်က ကျားဖြန့်များမှာ တန့်ယန်း၊ မိုင်းရယ်ဘက်မှ အတွင်းပိုင်း မိုင်းကိုင်၊ လဲချားဘက်အထိ ပြောင်းရွှေ့ခဲ့သည့်အတွက် တရုတ်အစိုးရ ထုတ်ပြန်သကဲ့သို့ ကျားဖြန့်များ အပြီးသတ်ရှင်းလင်းနိုင်ပြီဆိုသည့်အချက်မှာ မှန်ကန်မှုမရှိကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

“စစ်တပ်ရှိရင် ကျားဖြန့်ရှိတယ်။ ရမခတိုင်းမှူး၊ တန့်ယန်း၊ မိုင်းရယ် ဗျူဟာမှူးတွေ ဖမ်းခံထားရတာ မကြာသေးဘူးဆိုတော့ နောက်လူတွေက ဖမ်းပြမှ ဖြစ်မှာ၊ အဖမ်းပြတာပေါ့လေ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံဘက်မှ တန့်ယန်းနှင့် မိုင်းရယ်ဘက်သို့ပြောင်းရွှေ့သွားသည့် ကျားဖြန့်လုပ်ငန်းအချို့၏ လူစာရင်းအတိအကျနှင့် နေရာအတိအကျကို မြန်မာစစ်တပ်ဘက်သို့ပေးပြီး ဖမ်းဆီးခိုင်းသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလအတွင်းက ရမခစစ်တိုင်းမှူး၊ မိုင်းရယ်ဗျူဟာမှူး၊ တန့်ယန်းဗျူဟာမှူးတို့ကို စစ်ကောင်စီက ကိုယ်တိုင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း UWSA တပ်ဖွဲ့များ တန့်ယန်းမြို့အတွင်း ဝင်ရောက်နေရာယူပြီးနောက် နိုဝင်ဘာလ၌ ကျားဖြန့်လုပ်ကိုင်သူ တစ်ထောင်ကျော်အား ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား ၇၆၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

မဟာ
#MeKongNews
#ကျားဖြန့်
#တန့်ယန်း
#စစ်ကောင်စီ
#တရုတ်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now