မဲခေါင်၊ မတ် ၁၁
ရုရှားမြို့တော် မော်စကိုသို့ မတ် ၁၁ နံနက်အစောပိုင်းတွင် ယူကရိန်းဘက်မှ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တစ်ယောက် သေဆုံးကြောင်း သိရှိရသည်။
ဆော်ဒီတွင် အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များ ရုရှားနှင့် ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စတင်ရောက်ရှိနေချိန် ယူကရိန်းဘက်မှ ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသစံတော်ချိန် မနက် ၄ နာရီတွင် မော်စကိုမြို့ပေါ်နှင့်အနီးအနားတစ်ဝိုက် ဒရုန်း ၃၃၇ စင်းဖြင့် တိုက်ခိုက်မှုခံရပြီး ဒရုန်း ၆၉ စင်း ပစ်ချနိုင်ကြောင်း၊ လတ်တလော သိရှိရသလောက် တစ်ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရထားကြောင်း မော်စကိုမြို့တော်ဝန် အန်ဒရေးဗိုရိုဘွိုက်ဗ်က တယ်လီဂရန် လူမှုကွန်ရက်၌ ရေးသားသည်။
မော်စကိုမြို့တွင် လူဦးရေ ၂၁ သန်းနေထိုင်ရာ ဥရောပ၌ တူရကီနိုင်ငံ အစ္စတန်ဘူလ်နှင့်အတူ လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်ကာ ထိုတိုက်ခိုက်မှုကြောင့် မော်စကိုလေဆိပ် ၄ ခုစလုံး ခရီးစဉ်များရပ်ဆိုင်ထားရခြင်း၊ အရှေ့မော်စကိုရှိ ယာရိုဆလာဗီနှင့် နစ်ဇနီနိုဗိုဂတ်လေဆိပ်များလည်း ခရီးစဉ်များ ရပ်ဆိုင်းထားရခြင်းရှိသလို ရထားခရီးစဉ်များလည်း နှောင့်နှေးရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
မော်စကိုမြို့တော်ဝန် အန်ဒရေးဗိုရိုဘွိုက်ဗ်က ကရင်မလင်နန်းတော်အရှေ့တောင်ဘက် ၅၀ ကီလိုမီတာ အကွာရှိ ရာမန်စကိုယီအရပ်မှ အဆောက်အအုံ အနည်းဆုံး ၇ ခု ပျက်စီးကာ လူပေါင်းများစွာကို ရှောင်ရှားကယ်ထုတ်မှုများ လုပ်ဆောင်ရကြောင်းနှင့် ရုပ်သံမှတ်တမ်းများတွင် အဆောက်အအုံများစွာ မီးလောင်နေသည်ကိုလည်း မြင်တွေ့ကြရသည်။
Ref: asiaone
ကိုကလင်း
#MeKongNews
#ယူကရိန်း
#ရုရှား
#ဒရုန်း
#တိုက်ခိုက်
#လေကြောင်း
#ငြိမ်းချမ်းရေး








