မဲခေါင်၊ မတ် ၁၁
သမ္မတသက်တမ်းအတွင်း လူထောင်ပေါင်းများစွာကို မူးယစ်ဆေးသံသယဖြင့် သုတ်သင်ရှင်းလင်းခဲ့သူ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ယနေ့ မတ်လ ၁၁ ရက် အင်္ဂါနေ့၌ မြို့တော်မနီလာတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး – ICC က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုဖြင့် ဝရမ်းထုတ်လိုက်ခြင်းဖြစ်ပြီး ယင်းနောက်တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဒူတာတေး ဟောင်ကောင်မှ ပြန်လာသည့်အချိန်တွင် မနီလာလေဆိပ်၌ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။
အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဒူတာတေးသည် ၂၀၂၂ ခုနှစ်က သမ္မတရာထူးကနေ ထွက်ခွာခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံရေးသမားစာရင်းတွင် ပါဝင်သူဖြစ်သည်။
Ref: NYT
#MeKongNews
#ဖိလစ်ပိုင်
#ဒူတာတေး
#ICC
#ဖမ်းဆီး








