မဲခေါင်၊ မတ် ၁၀
ထိုင်းအစိုးရအဖွဲ့ စီးပွားရေးနှိုးဆော်မှု မူဝါဒကော်မတီသည် မတ် ၁၀ ရက်တွင် ၂၀၂၅ ခုနှစ်၏ ပထမဆုံး အစည်း အဝေးပွဲကျင်းပပြီးနာက် ဒစ်ဂျစ်တယ်ငွေကြေး ဘတ် ၁၀၀၀၀ ကို လာမည့် ဒုတိယ သုံးလပတ်အစောပိုင်းကာလ အတွင်း ထုတ်ပေးသွားရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ဖွေထိုင်းပါတီ မဲဆွယ်စဉ်ကတည်းက နိုင်ငံသားတိုင်းကို ဘတ် ၁၀၀၀၀ အား ဒစ်ဂျစ်တယ်ငွေကြေးဖြင့် အခမဲ့ ထုတ်ပေးသွားကာ ကျဆင်းနေသော ပြည်တွင် စီးပွားရေးလည်ပတ်မှုကို ပြန်လည်မြှင့်တင်မည်ဟု ကတိပြု ထားသည့်အတိုင်း လက်ရှိဝန်ကြီးချုပ်ဖြစ်လာသော ဖွေထိုင်းပါတီခေါင်းဆောင် ပေထောင်တန်၏ အစိုးရအဖွဲ့က သက်တမ်းအလိုက် ဒစ်ဂျစ်တယ်ငွေကြေး ဘတ် ၁၀၀၀၀ အား ထုတ်ပေးနေရာ ယခုလာမည့် ဘတ် ၁၀၀၀၀ သည် ကျောင်းနေအရွယ် ၁၆ နှစ်မှ ၂၀ ကြား နိုင်ငံသားများအတွက် ရည်ရွယ် ထုတ်ပေးသွားမည်ဟု အတည်ပြု လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေး ဘတ် ၁၀၀၀၀ ကို ကာယကံရှင်များသည် ကျူရှင်လစာ၊ ရေမီတာ၊ လျှပ်စစ်မီတာ ခများအပါ မည်သည့်အရာကိုမဆို ဝယ်ယူအသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းလည်း စီးပွားရေးနှိုးဆော်မှု မူဝါဒ ကော်မတီက အတည်ပြုထုတ်ပြန်ခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ထိုင်းကျောင်းသား
#ဒစ်ဂျစ်တယ်ငွေကြေး
#ထောက်ပံ့
#အစိုးရ








