မဲခေါင်၊ မတ် ၉
မတ် ၇ ရက်နေ့၌ အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် အကျဉ်းထောင်တွင် သေဒဏ်ချမှတ်ခံထားရ သူ ထောင်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် ကွပ်မျက်ခဲ့ရာ အမေရိကန်နိုင်ငံ၌ ၁၅ နစ်အတွင်း ပထမဆုံးအကြိမ် သေနတ်ဖြင့် သေဒဏ်စီရင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အကျဉ်းသား ဘရတ်ဆစ်ဂ်မွန် (၆၇ နှစ်) သည် ၂၀၀၁ ခုနှစ်က ချစ်သူဟောင်းကို ပြန်ပေးဆွဲကာ ပျားရည်ဆမ်း ခရီးထွက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သလို မိမိကိုယ်ကိုယ်လည်း သတ်သေရန် ကြိုးစားခဲ့ပြီး ထိုးအခင်းမဖြစ်မီ ချစ်သူဟောင်း၏ မိဘ နှစ်ပါးအား ဘေ့စ်ဘောတုတ်ဖြင့် ရက်စက်စွာရိုက်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။
တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ယခုလို သေနတ်ဖြင့် သေဒဏ်စီရင်ခြင်းမှာ သမိုင်း၌ ပထမဆုံးအကြိမ် ဖြစ်ပြီး အမေရိကန်နိုင်ငံသမိုင်းတွင် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ပထမဆုံအးကြိမ် သေနတ်ဖြင့် သေဒဏ် စီရင်ခြင်းလည်း ဖြစ်ခဲ့သည်။
ဆစ်ဂ်မွန်ကို လျှပ်စစ်ထိုင်ခုံ၊ ဆေးထိုးသတ်ခြင်းနှင့် သေနတ်ဖြင့် သေဒဏ်စီရင်ခြင်း ၃ မျိုးအနက် တစ်မျိုး ရွေး ခိုင်းရာ လျှပ်စစ်ထိုင်ခုံဖြင့် စီရင်ခံရခြင်းသည် လူကို ချက်ပြုတ်သလို ခံစားရမည်ဖြစ်ခြင်း၊ ဆေးထိုးသတ်ခြင်း တွင် အဆုပ်အတွင်း သွေးများပွက်ပွက်ထစေမည်ဖြစ်ခြင်းကြောင့် ဆစ်ဂ်မွန်က သေနတ်ဖြင့် စီရင်ခံရန် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။
သေဒဏ်စီရင်မှုတွင် ရင်ဘတ်၌ ပစ်ကွင်းချိန်သားကိုက်ပါ ဝတ်စုံနက်၊ ခေါင်းစွပ်နက်ကို ဝတ်ဆင်ပေးကာ အုတ်တံတိုင်းရှေ့တွင် ထိုင်ခုံဖြင့် ထိုင်စေပြီး လုပ်အားပေး အကျဉ်းသား ၃ ယောက်ကို ပစ်ခတ် ကွပ်မျက်စေခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ အဆိုအရ သိရှိရသည်။
သန့်
Ref:AA
#MeKongNews
#သေဒဏ်
#အမေရိကန်
#စီရင်
#ကယ်ရိုလိုင်းနား








