နေ့စဥ်သတင်း

တာချီလိတ် ဗျူဟာ G2 ဗိုလ်မှူးညီညီအောင်ထွေးနှင့် ဝမ်ကောင်းပြည်သူ့စစ် ပေါင်းပြီး တရားမဝင်လုပ်ငန်းတွေက လိုင်းကြေးကောက်တဲ့အပြင် သက်သေခံပစ္စည်းတွေကို ခိုးယူထား

မဲခေါင် 8 Mar - 2025
မဲခေါင်၊ မတ်လ ၈ ရက် တာချီလိတ် စစ်ဗျူဟာက G2 နှင့် ဝမ်ကောင်းပြည်သူ့စစ်ပေါင်းပြီး ရပ်ကွက်တွေအတွင်းရှိ လောင်းကစားရုံနှင့် မူးယစ်ဆေးဝါးရောင်းချသည့်နေရာများကို လိုင်းကြေးကောက်ကာ အကာအကွယ်ပေးထားသည့်အပြင် ဖမ်းဆီးရေးမှ ရရှိသည့် သက်သေခံပစ္စည်းများကိုလည်း ပြန်မအပ်ဘဲ ခွဲတမ်းချယူထားကြောင်း မဲခေါင်းသတင်းဌာနက စုံစမ်းသိရသည်။ တာချီလိတ် အခြေချစစ်ဗျူဟာက G2 ဗိုလ််မှူး ညီညီအောင်ထွေးနှင့် ဝမ်ကောင်းပြည်သူ့စစ် စည်သူတို့သည် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ငါးပစ်ခုံ၊ ဘိန်းစာရွက်ရည်နှင့် သုသာန်အနီး မူးယစ်ဆေးဝါးရောင်းချသည့်နေရာများကို လစဉ်ကြေး လိုင်းကြေးကောက်ယူထားခြင်းဖြစ်ပြီး အကာအကွယ်ပေးထားသည့်အပြင် စီမံချက်ရှိပါက ဒုစရိုက်မှုသမားများကို ဖမ်းဆီးရေးအတွက်ကြိုတင်သတင်းပေးကာ ရှောင်တိမ်းခိုင်းခြင်းများရှိကြောင်း သိရသည်။ ဝမ်ကောင်းပြည်သူ့စစ် စည်သူသည် ရပ်ကွက်အတွင်း ဘိန်းစာရွက်ရည်ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို လစဉ်ကြေးအဖြစ် ဘတ်ငွေ ၅၀၀၀၊ ငါးဂိမ်းခုံတစ်ခုံလျှင်​

မဲခေါင်၊ မတ်လ ၈ ရက်

တာချီလိတ် စစ်ဗျူဟာက G2 နှင့် ဝမ်ကောင်းပြည်သူ့စစ်ပေါင်းပြီး ရပ်ကွက်တွေအတွင်းရှိ လောင်းကစားရုံနှင့် မူးယစ်ဆေးဝါးရောင်းချသည့်နေရာများကို လိုင်းကြေးကောက်ကာ အကာအကွယ်ပေးထားသည့်အပြင် ဖမ်းဆီးရေးမှ ရရှိသည့် သက်သေခံပစ္စည်းများကိုလည်း ပြန်မအပ်ဘဲ ခွဲတမ်းချယူထားကြောင်း မဲခေါင်းသတင်းဌာနက စုံစမ်းသိရသည်။

တာချီလိတ် အခြေချစစ်ဗျူဟာက G2 ဗိုလ််မှူး ညီညီအောင်ထွေးနှင့် ဝမ်ကောင်းပြည်သူ့စစ် စည်သူတို့သည် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ငါးပစ်ခုံ၊ ဘိန်းစာရွက်ရည်နှင့် သုသာန်အနီး မူးယစ်ဆေးဝါးရောင်းချသည့်နေရာများကို လစဉ်ကြေး လိုင်းကြေးကောက်ယူထားခြင်းဖြစ်ပြီး အကာအကွယ်ပေးထားသည့်အပြင် စီမံချက်ရှိပါက ဒုစရိုက်မှုသမားများကို ဖမ်းဆီးရေးအတွက်ကြိုတင်သတင်းပေးကာ ရှောင်တိမ်းခိုင်းခြင်းများရှိကြောင်း သိရသည်။

ဝမ်ကောင်းပြည်သူ့စစ် စည်သူသည် ရပ်ကွက်အတွင်း ဘိန်းစာရွက်ရည်ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို လစဉ်ကြေးအဖြစ် ဘတ်ငွေ ၅၀၀၀၊ ငါးဂိမ်းခုံတစ်ခုံလျှင်​ ဘတ်ငွေ ၅၀၀၀နှင့် မူးယစ်ဆေးဝါးလက်လီရောင်းချသူများကို တစ်ဦးကို ဘတ်ငွေ ၃၀၀၀ နှုန်းဖြင့် ပြည်သူ့စစ်ရန်ပုံငွေအတွက်ဟုဆိုကာ လစဉ်ကြေားများ ကောက်ခံနေခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“G2 နဲ့ စည်သူက အတွဲမိတယ်၊ တရုတ်တွေဖမ်းတုန်းကဆိုရင် ဖမ်းဆီးရေးအိမ်က ပစ္စည်းတွေ ကားနဲ့တိုက်ပြီးသယ်တာ ပြီးရင် G2 နဲ့ ခွဲတမ်းချပြီးယူကြတာ G2 ကလဲ ဟိုတယ်တာချီလိတ်လမ်းထိပ်မှာ KTV ဖွင့်ထားတယ် သူ့ KTV မှာ Happy Water, K က အစအကုန်ရတယ်၊ ဖမ်းဆီးရေးက ရတဲ့ပစ္စည်းတွေကို သူ့ KTV ဆိုင်မှာ ပြန်ရောင်းတာ” ဟု ၎င်းက ပြောသည်။

ဗျူဟာတွင် G2 အဖြစ်တာဝန်ယူထားသည့် ဗိုလ်မှူး ညီညီအောင်ထွေးမှာ ယခင်က ထွက်စာတင်ထားသည့်အတွက် အရန်အင်အားကိုပို့ထားခံရသော်လည်း ယခုလက်ရှိ ဗျူဟာတွင် အင်အားမရှိသည့်အတွက် ပြန်လည်ခေါ်ယူထားခြင်းဖြစ်ပြီး မြို့ပေါ်ရှိ လောင်းကစားနှင့် တရားမဝင်လုပ်ငန်းပေါင်းစုံထံမှ လိုင်းကြေးတွေလစဉ်ရရှိနေသည့်အတွက် နှစ်အနည်းငယ်အတွင်း ငွေကြေးချမ်းသာလာကာ တပ်မှထွက်ရန် ထွက်စာတင်ထားခြင်းဖြစ်သည်။

ထို့အပြင် ဗိုလ်မှူးညီညီအောင်ထွေးမှာ လွယ်စီတုံကျေးရွာအတွင်း၌ ကြီးစိုးနေသည့် ဆယ်အိမ်မှူးဝင်းဇော်ထိုက်နှင့် ကုလားမောင်ကျော်တို့နှင့် ပူးပေါင်းကာ လယ်မြေများမြေဖို့ အကွက်ရိုက်ရောင်းခြင်း၊ တောင်ဖြိုကာ မြေကွက်ရိုက်ရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
လွယ်စီတုံကျေးရွာမှာ ဆယ်အိမ်မှူးဝင်းဇော်ထိုက်မှာ ကျေးရွာအတွင်း မြေအရောင်းအဝယ်ပြုလုပ်ပါက ဘတ် ၃သောင်းကောက်ခံပြီး ၎င်းကိုယ်၎င်း ဒုတိယ ဒုဌာဂါမဏိဘွဲ့ခံယူထားသူဖြစ်ကြောင်း ရွာခံများက ပြောသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မကာဟိုခမ်းရပ်ကွက်အတွင်း J-My King(သင်္ဘောဟိုတယ်)အနီးဖွင့်လှစ်ထားသည့် ဘိန်းစာရွက်ရည်ရောင်းချသည့် (ဘိုင်ကထောင့်)ဆိုင်တစ်ဆိုင်တွင် ထိုင်သောက်နေကြသည့် အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ကလေးများအချင်းချင်းစကားများချိန်တွင် ဗိုလ်မှူး ညီညီသွေး(G2) နှင့် ဝမ်ကောင်းပြည်သူ့စစ် စည်သူတို့အဖွဲ့ရောက်ရှိလာပြီး ကလေးများကို လက်ကျိုးအောင်ရိုက်လိုက်ကြောင်း သိရသည်။

#MeKongNews
#လိုင်းကြေး
#မူးယစ်ဆေးဝါး
#စစ်ဗျူဟာ
#G2
#ပြည်သူ့စစ်
#ဝမ်ကောင်း
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now