မဲခေါင်၊ မတ် ၇
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်တွင် MNDAA မှဖမ်းထားသည့် နန်းယိင်းဟွမ်သည် ယနေ့ မတ်လ၇ ရက် တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင် နှစ်ဦးသည် အချင်းချင်း ပစ်ခတ်မှုနှင့်ပတ်သက်ပြီး MNDAA က ယင်းနေ့တွင်ပင် နန်းယိင်းဟွမ်ကို ၎င်း၏အိမ်မှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးသွားသည့်ရက်မှ တစ်လအကြာ ယနေ့မတ်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
နန်းယိင်းဟွမ်ပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသော ဝိုင်းဝန်းရံပေးခဲ့ကြသော လူပုဂ္ဂိုလ်တိုင်းအား နန်းယိင်းဟွမ်နှင့် မိသားစုကိုယ်စား အထူးကျေးဇူးတင်ပါသည်ဟု မိသားစုက ပြောသည်။
၎င်း လွတ်မြောက်နိုင်ရေးအတွက် SSPP ၊ UWSA အဖွဲ့များသာမက ရှမ်းပြည်တွင်းရှိ လူ့အခွင့်အရေးအခြေအနေများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂဌာနေကိုယ်စားလှယ်ထံ သျှမ်းနှင့် ကချင် အရပ်ဖက်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာများ တောင်းဆိုခဲ့သည့်အပြင် အဖွဲ့အစည်းအသီးသီးမှလည်း ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့ကြရသည်။
နန်းယိင်းဟွမ် အဖမ်းခံထားရစဥ် ၎င်း၏အဖွားဖြစ်သူ ဆုံးပါးခဲ့ရသည်။
မဟာ
#MeKongNews
#နန်းယိင်းဟွမ်
#MNDAA
#လားရှိုး








