မဲခေါင်၊ မတ် ၆
ထိုင်းနိုင်ငံတွင် ကျားဖြန့်တိုက်ဖျက်ရေးနှင့်အတူ တရားမဝင် ကုန်စည်များ တင်သွင်းရောင်းချနေမှုများကို စီမံကိန်းချမှတ်ပြီး ဆက်တိုက်ဖမ်းဆီးနေရာ မတ် ၅ ရက်နေ့က ရဲ၊ အစားအသောက်နှင့်မူးယစ်ဆေးစစ်ဆေးမှု အရာရှိများပူးပေါင်းပြီး ဘန်ကောက်မြို့ရှိ တရားမဝင် မှောင်ခိုပစ္စည်းများစွာကို ဝင်ရောက် ဖမ်းဆီး သိမ်းဆည်းခဲ့ပြန်သည်။
ဘန်ကောက် ပသမ်ဌာနီနှင့် ဆမတ်ပရာကန်ရှိ ကုန်လှောင်ရုံ ၆ ခုကို စီးနင်းရှာဖွေခဲ့ရာ တရုတ်ထုတ်ကုန်အများစု ဖြစ်သော အလှကုန်ပစ္စည်းများ၊ ဆေးဘက်ဝင် အပင်များ၊ ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်ပေါင်း ၄ သိန်း ဝန်းကျင်ကို ဖမ်းဆီးရမိခဲ့ပြီး တန်ကြေးအားဖြင့် ဘတ် ၄၆ သန်းတန်သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ကုန်လှောင်ရုံ
#ဝင်ဖမ်း
#ထိုင်းရဲ
#ကျားဖြန့်








