နေ့စဥ်သတင်း

တရုတ်နိုင်ငံဘက်မှ လူနှင့်နေရာ အတိအကျဖြင့် ကျားဖြန့်ဖမ်းခိုင်းသော်လည်း မဖမ်းပေးသည့်အတွက် ရမခတိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အရေးယူခံရခြင်းဖြစ်

မဲခေါင် 2 Mar - 2025
မဲခေါင်၊ မတ် ၂ စစ်ကောင်စီ၏ နေရာပြောင်းစစ်တိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် ဗျူဟာမှူး ၂ ဦး ဖမ်းဆီးအရေးယူခံရခြင်းမှာ တရုတ်နိုင်ငံဘက်မှ နေရာအတိအကျ၊ လူစာရင်းအတိအကျဖြင့် ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးခိုင်းသော်လည်း လာဘ်ငွေယူကာ မဖမ်းပေးသည့်အတွက်ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမစတင်မီ ကျားဖြန့်များကို အလိုရှိကြောင်း တရုတ်နိုင်ငံမှ အမိန့်ထုတ်စဉ်က ကျားဖြန့်လုပ်ကိုင်သူများမှာ တန့်ယန်းဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်ပြီး မန်ပန် ပြည်သူ့စစ်နယ်မြေတွင် ခိုလှုံနေကြောင်း၊ တရုတ်နိုင်ငံမှ နောက်တကြိမ် နေရာနှင့် လူစာရင်းအတိအကျပေးပြီး ဖမ်းခိုင်းချိန်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ – UWSA မှ ဖမ်းဆီးပေးခဲ့သော်လည်း မြန်မာစစ်တပ်ဘက်မှ ဖမ်းဆီးနိုင်ခြင်း

မဲခေါင်၊ မတ် ၂

စစ်ကောင်စီ၏ နေရာပြောင်းစစ်တိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် ဗျူဟာမှူး ၂ ဦး ဖမ်းဆီးအရေးယူခံရခြင်းမှာ တရုတ်နိုင်ငံဘက်မှ နေရာအတိအကျ၊ လူစာရင်းအတိအကျဖြင့် ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးခိုင်းသော်လည်း လာဘ်ငွေယူကာ မဖမ်းပေးသည့်အတွက်ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမစတင်မီ ကျားဖြန့်များကို အလိုရှိကြောင်း တရုတ်နိုင်ငံမှ အမိန့်ထုတ်စဉ်က ကျားဖြန့်လုပ်ကိုင်သူများမှာ တန့်ယန်းဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်ပြီး မန်ပန် ပြည်သူ့စစ်နယ်မြေတွင် ခိုလှုံနေကြောင်း၊ တရုတ်နိုင်ငံမှ နောက်တကြိမ် နေရာနှင့် လူစာရင်းအတိအကျပေးပြီး ဖမ်းခိုင်းချိန်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ – UWSA မှ ဖမ်းဆီးပေးခဲ့သော်လည်း မြန်မာစစ်တပ်ဘက်မှ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယင်းအချက်ကြောင့် ရမခတိုင်းမှူးနှင့် ဗျူဟာမှူးများကို အရေးယူခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။

တန့်ယန်းဒေသရှိ ရွာများတွင် ကျားဖြန့်လုပ်ကိုင်သူ ထောင်နှင့်ချီရှိနေပြီး ၎င်းတို့ကို မြန်မာစစ်တပ်တာဝန်ရှိသူများက လာဘ်ငွေယူကာ စောင့်ရှောက်ထားကြောင်း၊ မိုင်းရယ်နှင့် တန့်ယန်းတို့တွင် စစ်ဗျူဟာ အခြေချသော်လည်း ဖမ်းဆီးပေးနိုင်ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

ယင်းအခြေအနေများကြောင့် ရမခတိုင်းမှူး၊ တန့်ယန်းဗျူဟာမှူးနှင့် မိုင်းရယ်ဗျူဟာမှူးတို့ကို စစ်ကောင်စီက ကိုယ်တိုင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နေရာတွင် ရမခတိုင်းမှူးအဖြစ် OTS ၉၄ မှ ဗိုလ်မှူးချုပ်အေးမင်းသိန်း၊ မိုင်းရယ်ဗျူဟာမှူးအဖြစ် DSA ၄၆ မှ ဗိုလ်မှူးကြီး သူရိန်မင်းသိန်း၊ တန့်ဟန်းဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးကျော်မျိုးမြင့်တို့ကို ပြောင်းလဲခန့်အပ်ထားကြောင်း မဲခေါင်က စုံစမ်းသိရသည်။

ဇော်မြင့်
#MeKongNews
#ကျားဖြန့်
#ရမခ
#ဗိုလ်ချုပ်ကျော်မြင့်ထွန်း
#မိုင်းရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now