နေ့စဥ်သတင်း

TNLA ထိန်းချုပ် နယ်မြေများတွင် မြေမြုပ်မိုင်းကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

မဲခေါင် 2 Mar - 2025
မဲခေါင်၊ မတ် ၂ တအင်းတပ်ဟု လူသိများသည့် တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် မြို့များတွင် မြေမြုပ်မိုင်းကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ကလေးအပါ ၈ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်တွင် ကလေးငယ် (၄)ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်လည်း နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာတွင် အသက် (၆၁)နှစ်အရွယ် ဦးစိုင်းငို့သည် ကြံခင်းအတွင်း ယခင်စစ်ကောင်စီထောင်ထားသည့်မိုင်းကို ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သီပေါမြို့လည်း ပြီးခဲ့သည့်

မဲခေါင်၊ မတ် ၂

တအင်းတပ်ဟု လူသိများသည့် တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် မြို့များတွင် မြေမြုပ်မိုင်းကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ကလေးအပါ ၈ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်တွင် ကလေးငယ် (၄)ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ရက်လည်း နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာတွင် အသက် (၆၁)နှစ်အရွယ် ဦးစိုင်းငို့သည် ကြံခင်းအတွင်း ယခင်စစ်ကောင်စီထောင်ထားသည့်မိုင်းကို ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သီပေါမြို့လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်တွင် ဒေသခံအမျိုးသားတစ်ဦးမှ ယခင်စစ်ကောင်စီတပ်စခန်းချဖူးခဲ့သည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာလည်း ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာမှပေါက်ကွဲကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်လည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာတွင် ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိပြီး ကလေးငယ် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထိုကျေးရွာပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်တွင် မိသားစုမှကောက်လာသည့်ဗုံးတစ်လုံးကို နေအိမ်အတွင်း ဆော့ကစားရာမှပေါက်ကွဲကာ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#MeKongNews
#တအာင်း
#ပလောင်
#ရှမ်းမြောက်
#စစ်ကောင်စီ
#မြေမြုပ်မိုင်း
#ကလေးငယ်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now