မဲခေါင်၊ မတ် ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမှ တာကော်အကြား စပယ်ရှယ်တောင်တွင် GI Express ယာဥ် ချောက်ထဲကျတိမ်းမှောက်သဖြင့် ၇ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ မတ်လ၁ရက်၊ ည ၈နာရီခွဲ အချိန်ခန့်တွင်ယ၊ ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်၊ လက်ပံကွေ့(၁)၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားတွင် တာချီလိတ်မှ မန္တလေးသို့ မောင်းနှင်လာသော တာချီလိတ်-ရန်ကုန်ပြေးဆွဲသည့် GI Express ခရီးသယ်ယာဉ်တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်သွားကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
“သေဆုံးတာ ၇ ဦး ကျား ၅ ဦး မ ၂ ဦးပါ၊ အတိအကျတော့ ဆေးရုံကြီးမှသိမယ်၊ဒဏ်ရာရတာတော့ ၂၀ကျော်တယ်”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။
မတ်လ၂ရက်နေ့၊ နံနက် ၂နာရီအချိန်ခန့်က မီးသတ်ဌာန၏ထုတ်ပြန်ချက်တွင် အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ ကျား၁၄ဦး၊ မ၁၈ဦးအနက်၊ ကျားမ၅ဦး၊ မ၂ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်၊ မိဘသွေးလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်၊ နှလုံးလှလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ပါရှိသည်။
ကျိုင်းတုံ မှ တာကော်- မိုင်းပျဥ်းသွားလမ်းရှိ ပန်ကြူတောင် အဆင်းသည် ကားများ စပါယ်ရှယ်ဂီယာဖြင့် ထိန်း၍ အထူးသတိထား မောင်းနှင်ရသည့်နေရာဖြစ်ပြီး အဆိုပါလမ်းတွင် အန္တရာယ်အရှိဆုံး နေရာဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄၊ ၂၅ ရက်နေ့များက အခါမဲ့မိုး သည်းထန်စွာရွာသွန်းသဖြင့် ယင်းနေရာတစ်လျှောက်တွင် ကားများ လမ်းချော်တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့သည်။
မဟာ
#MeKongNews
#ရှမ်းအရှေ့
#စပါရှယ်တောင်
#GIExpress








