မဲခေါင်၊ မတ် ၁
ဟောလိ၀ုဒ်လောကတွင် ၁၉၆၀ ပြည့်လွန်နှစ်များမှစတင်ပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလအထိ ဇာတ်ရုပ် အမျိုးမျိုးကို ပီပြင်စွာသရုပ်ဆောင်ခြင်းဖြင့် ကမ္ဘာကျော်ခဲ့သော မင်းသားကြီး ဂီနီဟက်ခ်မန်း နေထိုင်ရာ နယူးမက္ကဆီကိုပြည်နယ် ဆန်တာဖီအရပ်နေအိမ်တွင် ထူးဆန်းစွာဖြင့် ဇနီးသည်၊ အိမ်မွေးခွေးနှင့်အတူ သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
မင်းသား၊ သူရဲကောင်း၊ ဗီလိန်၊ သူရဲကောင်းဆန့်ကျင်ရေးသမားအဖြစ် ဇာတ်ရုပ်များစွာတွင် အထူးချွန်ဆုံး သရုပ် ဆောင်ခဲ့ခြင်းကြောင့် အော်စကာဆု ဆန်ခါတင်စာရင်း ၅ ကြိမ် ရွေးချယ်ခံရသလို ၁၉၇၂ ခုနှစ်က The French Connection ဇာတ်ကား၊ နောက်နှစ် ၂၀ အကြာတွင် Unforgiven ဇာတ်ကားများဖြင့် အော်စကာဆုရခဲ့သော
ဂီနီဟက်ခ်မန်းနှင့် ဇနီး၊ အိမ်မွေးခွေးကို သေဆုံးလျက်တွေ့ရှိရသည်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်ဖြစ်ကာ ကနဦး အသားစစစ်ဆေးမှုပြုလုပ်အပြီးတွင် မည်သည့် ထူးခြားသံသယမှ မတွေ့ရသလို မည်သူ့တွင်မှလည်း ထူးခြား ပြင်ပဒဏ်ရာမရှိဘဲ တစ်ပြိုင်တည်း ၃ ဦးသေဆုံး နေသည်ကို အံ့အားသင့်မှုများ ရှိနေခဲ့သည်။
သို့သော် ရဲတပ်ဖွဲ့က အဆိပ်သင့်မှုနှင့် ကိုယ်တွင်းအသားစ စစ်ဆေးမှုအဖြေများကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
သေဆုံးချိန်တွင် မင်းသား ဂီနီဟက်ခ်မန်းသည် အသက် ၉၅ နှစ်ရှိနေပြီဖြစ်ပြီး ဇနီးဖြစ်သူ စန္ဒရားပညာရှင် ဘတ်စီအာရာကာဝါမှာ ၆၃ နှစ်ရှိပြီဖြစ်သည်။
ဂီနီဟက်ခ်မန်းသည် မင်းသား၊ သူရဲကောင်း၊ ဗီလိန်၊ သူရဲကောင်းဆန့်ကျင်ရေးသမားအဖြစ် ဇာတ်ရုပ်များစွာတွင် အထူးချွန်ဆုံး သရုပ် ဆောင်ခဲ့ခြင်းကြောင့် အော်စကာဆု ဆန်ခါတင်စာရင်း ၅ ကြိမ် ရွေးချယ်ခံရသလို ၁၉၇၂ ခုနှစ်က The French Connection ဇာတ်ကား၊ နောက်နှစ် ၂၀ အကြာတွင် Unforgiven ဇာတ်ကားများဖြင့် အော်စကာဆုရခဲ့သည်။
Ref:BBC
ကိုကလင်း
#MeKongNews
#ဂီနီဟက်ခ်မန်း
#သေဆုံး
#မင်းသား
#အော်စကာ








