တာချီလိတ်မြို့ မှ ထိုင်းနိုင်ငံသို့ Passport ဖြင့် နိုင်ငံကူးသန်းခွင့် ရပ်ဆိုင်း
မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မှ ထိုင်းနိုင်ငံ မြောက်ပိုင်း ၊ မယ်ဆိုင်မြို့သို့ နိုင်ငံကူးလက်မှတ် Passport ဖြင့် ဝင်ရောက်ခွင့်ကို ယနေ့ (ဖေဖော်ဝါရီ၂၀) နံနက်မှစ၍ ရပ်ဆိုင်းကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများထံက သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ် Passport၊ ဗီဇာ အပါအဝင် အခြား Passport များဖြင့် သွားရောက်ခြင်းကို တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့် ရပ်ဆိုင်းခြင်းဖြစ်ပြီး ယာယီရပ်ဆိုင်းခြင်းဖြစ်သည်ဟုလည်း သတင်းအရင်းအမြစ်တချို့ကပြောသည်။
“ တံတား ကူးမယ့်သူများ အခြေနေအရ သတင်းတွေကို နားစွင့်ပီးမှ ကူးကြပါ” ဟုချင်းမိုင်အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုမှ အကြံပြုသည်။
ယခုတွင် မည်သည့် အကြောင်းကြောင့် Passport ဖြင့် ကူးသန်းသွားလာခွင့် ရပ်ဆိုင်းကြောင်းမသိရသော်လည်း ကျားဖြန့်ကိစ္စဖြင့် ထိုင်းနိုင်ငံမှလျှပ်စစ်ဓါတ်အားဖြတ်တောက်သည့် ယခုလ ၅ ရက်မှ ၆ ရက်အထိ တစ်ရက်တာ Passport ဖြင့် ကူးသန်းသွားလာခြင်းကို ယာယီရပ်ဆိုင်းဖူးသည်။
ထိုတံတားမှ ထိုင်းနိုင်ငံသို့ ရက်ကြာ ဆေးကုသမှုခံယူကြသူများ၊ လည်ပတ်သူများ၊ ခေတ္တနေထိုင်သူများ၊ ပညာသင်သူများ ၂ လဗီဇာရယူကာ သွားရောက်ကြသူများအတွက် ယခုလို Passport ဖြင့်ကူးသန်းသွားလာမှုရပ်ဆိုင်းခြင်းသည် အခက်အခဲများစွာဖြစ်ပေါ်စေသော်လည်း TBPခေါ် ယာယီနယ်စပ်ဖြတ်သန်းခွင့် တစ်ပတ်ကတ်ဖြင့် သွားလာနိုင်ကြောင်း သိရသည်။
မဟာ
#MeKongNews








