မဲခေါင်၊ ဖေဖော်ဝါရီ
ထိုင်းဘက်မှ မြန်မာနယ်စပ်မြို့ ၅ နေရာသို့ ပေးထားသည့် လျှပ်စစ်မီးများ၊ အင်တာနက်လိုင်းများ၊ လောင်စာဆီများ ယနေ့ (ဖေဖော်ဝါရီ ၅) မှစပြီး ဖြတ်တောက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ကျားဖြန့်လုပ်ငန်းအဓိက လုပ်ကိုင်ရာ မြ၀တီ ရွှေကုက္ကိုလ်မြို့သစ်တွင် ဒေသစံတော်ချိန် ည ၇ နာရီ မဲဆောက် မီဒီယာဘက်မှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတင်သတင်းအရ မီးလင်းထိန်နေသေးကြောင်း သိရသည်။
အဆိုပါသတင်းတွင် ရွှေကုက္ကိုလ်မီးလင်းမှုအနေအထားသည် ယမန်နေ့ညကနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်း မီးမှိန်သွားကြောင်း ဖော်ပြထားပြီး အင်တာနက်လိုင်းများ ဖြတ်တောက်သည်ဆိုသော်လည်း အင်တာနက် အသုံး ပြုနေသူများ ရှိနေသေးကြောင်းလည်း စုံစမ်းသိရှိရသည်။
ထိုင်းအစိုးရက တရုတ်ဘက်မှ ဖိအားပေးပြီး ကျားဖြန့်လုပ်ငန်းများရှိရာ မြ၀တီ၊ ဘုရားသုံးဆူ၊ တာချီလိတ်မှ နေရာ ၅ ခုကို လျှပ်စစ်မီးဖြတ်တောက်လိုက်ကြောင်း၊ လောင်စာဆီနှင့် အင်တာနက်ပေးထားမှုများလည်း ဖြတ်တောက်လိုက်သည်ဟု ကြေညာခဲ့အပြီး မြ၀တီတွင်လည်း ဆီဆိုင်များတွင် ဆီပတ်တိုးဝယ်ယူမှုများဖြင့် ရှုပ်ယှက်ခတ်နေပြီး ဝယ်မရနိုင်ဘဲ တစ်လီတာ ကျပ် ၈၀၀၀ ဝန်းကျင် စျေးပေါက်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
Ref:เอก เกียรติศักดิ์ แม่สอด
ကိုကလင်း
#MeKongNews
#မြဝတီ
#ထိုင်းနယ်စပ်
#လျှပ်စစ်မီး
#ဖြတ်တောက်
#လင်းထိန်
#ကျားဖြန့်








