နေ့စဥ်သတင်း

တောင်ခမ်းတိုက်ပွဲ၌ ဆေးအလွန်အကျွံသုံးထားသည့် အကိုဖြစ်သူက ညီဖြစ်သူပါဝင်သည့်တော်လှန်ရေးအဖွဲ့ထံ လက်နက်ချအညံ့ခံ

မဲခေါင် 4 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၄ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က ဆေးအလွန်အကျွံသုံးထားသည့်အကိုက ညီဖြစ်သူပါဝင်သည့် တော်လှန်ရေးအဖွဲ့ထံ လက်နက်ချအညံ့ခံရာမှာ ခံယူချက်မတူသည့် ညီအကိုနှစ်ဦး ပြန်လည်ဆုံတွေ့ခဲ့ကြသည်။ တောင်ခမ်းအခြေစိုက် အမြောက်တပ်အနီး၌ TNLA အပါအဝင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်နှင့် အမြှောက်တပ် ယနေ့ (ဖေဖော်ဝါရီ ၄) နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူ ငါးဦး တွင် DPLA တော်လှန်ရေးရဲဘော်၏အကို ပါဝင်လာသည်။ “သူတို့က အဆက်သွယ်ပြတ်နေတာ ကြာပြီ၊ ဒီနေ့မှ တိုက်ပွဲထဲ ရုတ်တရက်တွေ့ကြတာ၊ စစ်မြေပြင်မှာတိုက်ရင်းနဲ့ မတက်သာတော့လို့ ကျွန်တော်တို့ဆီ လက်နက်ချတာပါ” ဟု DPLAZ တပ်တာဝန်ခံ ကိုထွန်းနိုင်က မဲခေါင်ကိုပြောသည်။ လက်နက်ချခဲ့တဲ့အကိုဖြစ်သူဟာ ၂၀၁၃ ခုနှစ်ကတည်းက

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က ဆေးအလွန်အကျွံသုံးထားသည့်အကိုက ညီဖြစ်သူပါဝင်သည့် တော်လှန်ရေးအဖွဲ့ထံ လက်နက်ချအညံ့ခံရာမှာ ခံယူချက်မတူသည့် ညီအကိုနှစ်ဦး ပြန်လည်ဆုံတွေ့ခဲ့ကြသည်။

တောင်ခမ်းအခြေစိုက် အမြောက်တပ်အနီး၌ TNLA အပါအဝင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်နှင့် အမြှောက်တပ် ယနေ့ (ဖေဖော်ဝါရီ ၄) နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူ ငါးဦး တွင် DPLA တော်လှန်ရေးရဲဘော်၏အကို ပါဝင်လာသည်။

“သူတို့က အဆက်သွယ်ပြတ်နေတာ ကြာပြီ၊ ဒီနေ့မှ တိုက်ပွဲထဲ ရုတ်တရက်တွေ့ကြတာ၊ စစ်မြေပြင်မှာတိုက်ရင်းနဲ့ မတက်သာတော့လို့ ကျွန်တော်တို့ဆီ လက်နက်ချတာပါ” ဟု DPLAZ တပ်တာဝန်ခံ ကိုထွန်းနိုင်က မဲခေါင်ကိုပြောသည်။

လက်နက်ချခဲ့တဲ့အကိုဖြစ်သူဟာ ၂၀၁၃ ခုနှစ်ကတည်းက စစ်တပ်ထဲဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အမတ(၉၀၂) တပ်ကြပ်အဆင့်ရရှိထားသူဖြစ်ပြီး လက်နက်ချအညံ့ခံချိန်တွင် ဆေးအလွန်အကျွံသုံးထားတာကြောင့် အနည်းငယ် စိတ်မူမမှန်ဖြစ်ကြောင်း ကိုထွန်းနိုင်ကပြောသည်။

အကိုဖြစ်သူ လက်နက်ချအဖမ်းခံချိန်တွင် ပွန်းပဲ့ဒဏ်ရာတချို့ရရှိထားသောကြောင့် ညီဖြစ်သူက ဆေးကုသပေးနေကြောင်း DPLA တပ်တာဝန်ခံကပြောသည်။

တောင်ခမ်း၌ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်( ၉၀၂) နှင့်ကွပ်ကဲမှုလက်အောက်ခံ အမတ(၃၅၄)၊ အမတ(၂၀၆)နှင့်အမ(၄၀၆) တည်ရှိသည်။

ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းက TNLA နဲ့ DPLA အပါအဝင် တော်လှန်ရေးတပ်များက တောင်ခမ်းအမြောက်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေကြောင်း ကိုထွန်းနိုင်ကပြောသည်။

တောင်ခမ်းအမြောက်တပ်ကို ကျောက်ဂူ-နမ့်လန်-ရပ်စောက်ဘက်မှ ရိက္ခာနှင့် စစ်ကူ ပို့ပေးနေပြီး ကျောက်ဂူအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

တောင်ခမ်းအမြောက်စခန်းသည် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်သွယ်ရာတွင် အရေးပါသောနေရာဖြစ်ပြီး စစ်ကောင်စီ၏ ဗိုလ်သင်တန်းကျောင်း အပါအဝင် တပ်စခန်းအများအပြားအခြေစိုက်ရာ ဗထူးတပ်မြို့နှင့် ၇၉ မိုင်ခန့်သာ ကွာဝေးသည်။

ဂနိုက်
#MeKongNews
#တောင်ခမ်းတိုက်ပွဲ
#တော်လှန်ရေး
#စစ်ကောင်စီ
#ဆေးအလွန်အကျွံသုံး
ပုံစာ။ ။ ဒဏ်ရာရှိထားသည့်အကိုဖြစ်သူကို ညီဖြစ်သူကဆေးထည့်ပေးနေစဉ်။ ဓါတ်ပုံ- ကိုထွန်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now