နေ့စဥ်သတင်း

ရှမ်းတောင် တပ်ရင်းနှစ်ခု MoD လက်အောက်မှ နှုတ်ထွက်

မဲခေါင် 1 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ရှမ်း၊ ကယား (ကရင်နီ) နယ်စပ်တွင် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်နှစ်ဖွဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်မှ နှုတ်ထွက်မည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကြေညာသည်။ MoD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (CoC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ နှုတ်ထွက်ကြမည်ဖြစ်ပြီး အခြားစုဖွဲ့မှုပုံစံနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MoD အား ကျေးဇူးတင်ကြောင်းလည်း ထိုတပ်ရင်းများက ဆိုသည်။ MoD

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရှမ်း၊ ကယား (ကရင်နီ) နယ်စပ်တွင် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်နှစ်ဖွဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်မှ နှုတ်ထွက်မည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကြေညာသည်။

MoD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (CoC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ နှုတ်ထွက်ကြမည်ဖြစ်ပြီး အခြားစုဖွဲ့မှုပုံစံနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MoD အား ကျေးဇူးတင်ကြောင်းလည်း ထိုတပ်ရင်းများက ဆိုသည်။ MoD လက်အောက်တွင် မရှိဘဲ ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) အဖွဲ့နှင့် နှုတ်ထွက်သည့်အဖွဲ့များ ပူးပေါင်းကြမည်ဖြစ်သည်။

“တပ်ရင်းပြန်အပ်ရတဲ့ အကြောင်းအရင်းကတော့ ပြည်ထောင်စုအဆင့်ကနေ ပထဝီနိုင်ငံရေးအရ ရှမ်းတောင်ဒေသကို အခြေခံတဲ့တပ်အဖြစ်နဲ့ သွားမှ ရမယ်လို့ စဉ်းစားချက်ရှိလို့ပါ” ဟု နှုတ်ထွက်ခွင့်တောင်းသည့် ၁၀၀၅ တပ်ရင်းမှူး ကိုဘုန်းကြီးက မဲခေါင်သတင်းဌာနကို ရှင်းပြသည်။

နှုတ်ထွက်သည့် တပ်ရင်းများသည် MoD လက်အောက်တွင် သုံးနှစ်ကျော် လက်နက်ကိုင်တော်လှန်ခဲ့သည့် တပ်ရင်းများဖြစ်ကြသည်။

SSLRU နိုင်ငံရေးမှူး စိုင်းပန်ဖ က “ဒီလိုပေါင်းစည်းဖို့ လုပ်နေတာကြာပါပြီ၊ အခုလိုမျိုး ရှမ်းတောင်တပ်ရင်းတွေ တစုတစည်းတည်း ပေါင်းစည်းပြီး တော်လှန်မှ စစ်အာဏာရှင်စနစ်နဲ့ ယန္တရားကို ဖြိုဖျက်နိုင်မယ်ဆိုတဲ့ တူညီတဲ့ သဘောထား တွန်းအားတွေကြောင့် အခုလို စုဖွဲ့မှုအသစ်ကို လုပ်ဆောင်နိုင်တာဖြစ်တယ်” ဟု မဲခေါင်သတင်းဌာနကို ပြောသည်။

ကျန်ရှိနေသေးသည့် ရှမ်းတောင် တော်လှန်ရေးအင်အားစုများ ပါဝင်လာရန်လည်း စည်းရုံးဖိတ်ခေါ်သွားမည်ဖြစ်ပြီး ခိုင်မာအားကောင်းသည့် စုဖွဲ့မှုဖြစ်ရန် ကြိုးပမ်းမည်ဟုလည်း သူက ဆက်ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် သက်တမ်းရင့်လက်နက်ကိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပအိုဝ်းပြည်သူစစ်၊ စစ်ကောင်စီအား တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) စသည့် အဖွဲ့များ အခြေစိုက်ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည်လည်း ရှမ်းပြည်တောင်ပိုင်းတွင် ရံဖန်ရံခါ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် စုဖွဲ့ခဲ့သည့် ဂဠုန်စစ်ကြောင်း (P29908) သည်လည်း MoD လက်အောက်မှ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် နှုတ်ထွက်ကြောင်း ကြေညာထားသည်။

သုဝဏ္ဏခွန်
#MeKongNews
#စစ်ကောင်စီ
#NUGMOD
#နှုတ်ထွက်
#စုဖွဲ့မှုအသစ်
#တော်လှန်ရေး
#ရှမ်းတောင်
#တိုက်ခိုက်မည်

ပုံစာ။ ။ နှုတ်ထွက်သွားသည့် ရှမ်းတောင်အခြေစိုက် အမှတ် (၁၀၀၈) တပ်ရင်းရဲဘော်များ

Photo – SSRY

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now