မဲခေါင်၊ ဇန်နဝါရီ ၂၈
တရုတ်နာမည်ကြီး သရုပ်ဆောင် ဝမ်ဇင်း ကို ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံထဲကနေ ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်ခြမ်း ကျားဖြန်လုပ်ငန်းဆီ လိမ်လည်ခေါ်ဆောင် လူမှောင်ခို ကူးမှုမှာ ပတ်သက်တဲ့ သံသယတရားခံ တစ်ယောက်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီ ပို့ဆောင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဇန်နဝါရီ ၂၆ ရက်နေ့မှာ အတည်ပြုဖော်ပြခဲ့ပါတယ်။
ဝမ်ဇင်းဟာ ဇန်နဝါရီ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်လာပြီး အဆက်အသွယ်မရတော့ဘဲ မြ၀တီဘက်က ကျားဖြန်လုပ်ငန်းမှာ လူမှောင်ခိုကူးခံခဲ့တာကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံ ခေါင်းဆောင်တွေကို ကျားဖြန် အမြစ်ဖြတ်နှိမ်နင်းဖို့ ဖိအားပေးတိုက်တွန်းခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာမှာ ဝမ်ဇင်းကို လူမှောင်ခိုကူးမှုမှာ သံသယတရားခံဖြစ်တဲ့ မျိုးရိုးနာမည် ယန် (Yan) ဆိုသူကို တရုတ်ဘက်က စေလွှတ်လိုက်တဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ထိုင်းက တရုတ်သံရုံး၊ ထိုင်း ဥပဒေပြုတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာ တရုတ်နိုင်ငံကို ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
ကျန်တဲ့ အသေးစိတ်ကိုတော့ ဘာမှ ထုတ်ပြန်ခဲ့တာမရှိဘဲ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပိတ်မိနေတဲ့ ကျားဖြန် ဓားစာခံတွေကို ကယ်ထုတ်နိုင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့သာ ဖော်ပြခဲ့ပါတယ်။
Ref:Xinhua
MKF-001
#MeKongNews
#ကျားဖြန့်
#ခေါင်းတုံးတုံး
#ထိုင်းမြန်မာ
#တရုတ်သရုပ်ဆောင်
#မြဝတီ








