နေ့စဥ်သတင်း

တာချီလိတ်မှာ နေ့စဉ်ဆိုင်ကယ်ပျောက်ဆုံးနေပြီး သူခိုးလက်ခံက ရဲသတင်းပေးလူမိုက်ဖြစ်နေ

မဲခေါင် 27 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၇ တာချီလိတ်မှာ ဆိုင်ကယ်ခိုးမှုနေ့စဉ်နီးပါးဖြစ်ပွားနေပြီး သူခိုးလက်ခံဝယ်ယူသူဟာ ရဲသတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ရဲစခန်းကိုတိုင်ကြားသော်လည် အရေးယူဖမ်းဆီးပေးတာမရှိဘူးလို့ ဆိုင်ကယ်ခိုးခံရသူတွေက ပြောပါတယ်။ ဆိုင်ကယ်သူခိုးအဖွဲ့ဟာ နေအိမ်အတွင်းမှာ ရပ်ထားတဲ့ဆိုင်ကယ် ဝင်ရောက်ခိုးယူတဲ့အပြင် လမ်းမပေါ်ရပ်ထားတာတွေနဲ့ အုပ်စုလိုက် လူရိုက်ပြီး လုယက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခိုးခံရတဲ့ဆိုင်ကယ်တွေနဲ့ပတ်သက်ပြီး သူခိုးရဲ့ပုံကို CCTV မှတ်တမ်းနဲ့တကွ ရဲစခန်းကိုတိုင်တန်းပေမယ့် သူခိုးလက်ခံဝယ်ယူသူဟာ ရဲတပ်ဖွဲ့ရဲ့ သတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေ မရှိဘူလို့ သိရပါတယ်။ “လမ်းမပေါ် ရပ်ပြီး ဈေးဝင်ဝယ်တာ ပြန်ထွက်လာတော့ မရှိတော့ဘူး၊ နောက်ပြီး တစ်ချို့ဆို အိမ်ထဲအထိဝင်ခိုးတာ CCTV ဓါတ်ပုံပြပြီး ရဲကိုတိုင်တာလည်း မဖမ်းပေးကြဘူး၊ အဓိက သူခိုးလက်ခံက ရဲအင်ဖေါ်မာ ကျောက်တောင်က

မဲခေါင်၊ ဇန်နဝါရီ ၂၇

တာချီလိတ်မှာ ဆိုင်ကယ်ခိုးမှုနေ့စဉ်နီးပါးဖြစ်ပွားနေပြီး သူခိုးလက်ခံဝယ်ယူသူဟာ ရဲသတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ရဲစခန်းကိုတိုင်ကြားသော်လည် အရေးယူဖမ်းဆီးပေးတာမရှိဘူးလို့ ဆိုင်ကယ်ခိုးခံရသူတွေက ပြောပါတယ်။

ဆိုင်ကယ်သူခိုးအဖွဲ့ဟာ နေအိမ်အတွင်းမှာ ရပ်ထားတဲ့ဆိုင်ကယ် ဝင်ရောက်ခိုးယူတဲ့အပြင် လမ်းမပေါ်ရပ်ထားတာတွေနဲ့ အုပ်စုလိုက် လူရိုက်ပြီး လုယက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ခိုးခံရတဲ့ဆိုင်ကယ်တွေနဲ့ပတ်သက်ပြီး သူခိုးရဲ့ပုံကို CCTV မှတ်တမ်းနဲ့တကွ ရဲစခန်းကိုတိုင်တန်းပေမယ့် သူခိုးလက်ခံဝယ်ယူသူဟာ ရဲတပ်ဖွဲ့ရဲ့ သတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေ မရှိဘူလို့ သိရပါတယ်။

“လမ်းမပေါ် ရပ်ပြီး ဈေးဝင်ဝယ်တာ ပြန်ထွက်လာတော့ မရှိတော့ဘူး၊ နောက်ပြီး တစ်ချို့ဆို အိမ်ထဲအထိဝင်ခိုးတာ CCTV ဓါတ်ပုံပြပြီး ရဲကိုတိုင်တာလည်း မဖမ်းပေးကြဘူး၊ အဓိက သူခိုးလက်ခံက ရဲအင်ဖေါ်မာ ကျောက်တောင်က လူမိုက် သားကြီးလို့ပြောတယ်၊ ဆိုင်ကယ်ပျောက်ရင် သူတို့နဲ့သိရင်ပြန်ရတယ်လို့ ကြားတယ်” လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်သူခိုးလက်ခံမှာ ကျောက်တောင်မှာနေတဲ့ သားကြီးအဖွဲ့ကဖြစ်ပြီး ခိုးလာတဲ့ဆိုင်ကယ်တွေကို ပုံစံပြောင်း အရောင်ပြောင်းပြီး ပြည်တွင်းကိုပို့ဆောင်ရောင်းချတာလို့ သိရပါတယ်။

အခုရက်ပိုင်း ပါလျံရပ်ကွက် နေအိမ်လိုင်းခန်းငှါးခြံဝန်းထဲ ရပ်ထားတဲ့ဆိုင်ကယ်ကို လူ ၃ ဦးက ခြံဝင်ထဲဝင်ရောက်လာပြီး ဇက်သော့ချိုးကာ တွန်းထုတ်ပြီး စက်နိုးယူသွားတာနဲ့ ရွှေတိဂုံဘုရားအနီး ဈေးဝင်ဝယ်တဲ့အချိန် ဆိုင်ကယ်ကိုတွန်းပြီး လူ ၃ ဦးက ခိုးယူသွားတယ်လို့ သိရပါတယ်။

MK-002
#MeKongNews
#ဆိုင်ကယ်သူခိုး
#သူခိုးလက်ခံ
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now