မဲခေါင်၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်အရှေ့ပိုင်း၊ UWSA ထိန်းချုပ်နယ်မြေ၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်ကျေးရွာမှာ ဆေးကြောင်ပြီး ဖခင်ဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့သူအား “ဝ” ဒေသ တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့ကြောင်း WSTV (Wa State TV) က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖခင်ကို ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်သတ်သူ ချိန်ညီရုန်း၊ အိမ်ထောင်မရှိ၊ အသက် (၃၀) အရွယ်ဟာ ဖခင်ကို သတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။
ဆေးကြောင်ပြီး နွားမကြည့်တဲ့သားကို ဖခင်ဖြစ်သူက ဆူပူတာကြောင့် ဓားနဲ့ ဦးခေါင်းကို လေးချက်ခုတ်ခဲ့တာဖြစ်ပြီး သတိပြန်ဝင်ချိန်မှာ မိခင်ဖြစ်သူကိုအသိပေးပြီး အဖမ်းခံခဲ့တာလို့ သိရပါတယ်။
ရှမ်းပြည်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သလို မူးယစ်ဆေးသုံးစွဲသူ အများဆုံးဒေသလည်းဖြစ်တဲ့အပြင် မူးယစ်ဆေးကြောင့်ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲရာဇဝတ်မှုတွေလည်း ပေါများတဲ့ဒေသ ဖြစ်ပါတယ်။
MK-012
#MeKongNews
#ရှမ်းပြည်အရှေ့
#မိုင်းမောမြို့
#ဆေးကြောင့်
#ဖခင်ကိုသတ်သူ








