နေ့စဥ်သတင်း

ခမရ(၅၅၄)က တိုက်ပွဲမှာသေဆုံးသူနဲ့ ထွက်ပြေးသူတွေရဲ့ လစာနဲ့ပိုင်ဆိုင်မှုတွေကို တပ်ရေးဗိုလ်ကြီးက ထုတ်ယူသုံးစွဲနေ

မဲခေါင် 25 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းအခြေစိုက် စကခ(၁၄ )လက်အောက်ခံ ခမရ(၅၅၄)က တိုက်ပွဲမှာသေဆုံးတဲ့ စစ်သည်တွေရဲ့လစာနဲ့ ဘဏ်စုငွေတွေကို ခံစားခွင့်ရှိသူမိသားစုဝင်တွေက ထုတ်ယူခွင့်မရပဲ တပ်ရေးဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ထုတ်ယူသုံးစွဲနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။ ကရင်နီနဲ့ လားရှိုးတိုက်ပွဲတွေမှာ အများအပြား သေဆုံးခဲ့တဲ့ ခမရ(၅၅၄)က သေဆုံးစစ်သည်တွေနဲ့ တပ်ကနေထွက်ပြေးတဲ့စစ်သည်တွေကို တပ်တွင်းမှာရှိနေသယောင် အင်အားပြကာ သူတို့ရဲ့လစာနဲ့ ပိုင်ဆိုင်ငွေတွေကို ထုတ်ယူသုံးစွဲနေတာလို့ ပြောပါတယ်။ “ကျိုင်းတုံက တပ်စာရင်းစစ်တွေလာစစ်ပေမယ့် အရက်၊ ဘီယာအစုံနဲ့လာဘ်ထိုးထားတော့ ဘယ်ကန့်ကွက်တာရှိတော့မလဲ၊ လူပျိုတွေ၊ တပ်သားသစ်လစာတွေကို မိုင်းဆတ်က ကမ္ဘောဇဘဏ်ထဲထည့်ပြီး သူ့ပိုင်လို သုံးစွဲနေတာ”လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။ တပ်ရေးဗိုလ်ကြီးအဆင့်ရှိသူ ဟိန်းသော်ဇင်စိုးဟာ တပ်ရင်းမိသားစုတွေနဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေအပေါ်

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းအခြေစိုက် စကခ(၁၄ )လက်အောက်ခံ ခမရ(၅၅၄)က တိုက်ပွဲမှာသေဆုံးတဲ့ စစ်သည်တွေရဲ့လစာနဲ့ ဘဏ်စုငွေတွေကို ခံစားခွင့်ရှိသူမိသားစုဝင်တွေက ထုတ်ယူခွင့်မရပဲ တပ်ရေးဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ထုတ်ယူသုံးစွဲနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

ကရင်နီနဲ့ လားရှိုးတိုက်ပွဲတွေမှာ အများအပြား သေဆုံးခဲ့တဲ့ ခမရ(၅၅၄)က သေဆုံးစစ်သည်တွေနဲ့ တပ်ကနေထွက်ပြေးတဲ့စစ်သည်တွေကို တပ်တွင်းမှာရှိနေသယောင် အင်အားပြကာ သူတို့ရဲ့လစာနဲ့ ပိုင်ဆိုင်ငွေတွေကို ထုတ်ယူသုံးစွဲနေတာလို့ ပြောပါတယ်။

“ကျိုင်းတုံက တပ်စာရင်းစစ်တွေလာစစ်ပေမယ့် အရက်၊ ဘီယာအစုံနဲ့လာဘ်ထိုးထားတော့ ဘယ်ကန့်ကွက်တာရှိတော့မလဲ၊ လူပျိုတွေ၊ တပ်သားသစ်လစာတွေကို မိုင်းဆတ်က ကမ္ဘောဇဘဏ်ထဲထည့်ပြီး သူ့ပိုင်လို သုံးစွဲနေတာ”လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

တပ်ရေးဗိုလ်ကြီးအဆင့်ရှိသူ ဟိန်းသော်ဇင်စိုးဟာ တပ်ရင်းမိသားစုတွေနဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေအပေါ် ရိုင်းပြစွာ ဆက်ဆံတာမျိုးတွေကြောင့် မခံနိုင်လို့ တရားမျှတမှု ရရှိနိုင်ရေးအတွက် အခုလိုပြောရတာလို့ ဆိုပါတယ်။

ဟိန်းသော်ဇင်စိုးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး တပ်ရေးဗိုလ်ကြီး တာဝန်မှာ ၂ နှစ်ကျော် ရှိပြီဖြစ်ကာ ရှေ့တန်းမထွက်ရပဲ နောက်တန်းမှာနေပြီး တပ်ကိုမစောင့်ရှောက်ပဲ ကိုယ်ကျိုးရှာနေသူသာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်သည်တစ်ဦး တပ်ပြေးဖြစ်တဲ့အခါမှာ အထက်ကို တပ်ပြေးစာရင်း အနည်းဆုံးသုံးလမှ အများဆုံးခြောက်လခန့်အထိ မတင်သေးပဲ အင်အားပြကာ သူရဲ့လစာကို တပ်ရေးဗိုလ်ကြီး၊ ဌာနချုပ်တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးတို့က ထုတ်ယူသုံးစွဲတာဟာ စစ်တပ်ရဲ့ အစဉ်အလာသဖွယ် အစဉ်အဆက်လုပ်ဆောင်နေကြတာလို့ တပ်တွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွင်းမှာ စစ်သည်တွေ ရရှိတဲ့လစာထဲမှ လေးပုံ တစ်ပုံကို မဖြစ်မနေ ဘဏ်ထဲထည့်ထားရတာဖြစ်ပြီး ဘဏ်စာအုပ်ကို တပ်ခွဲရဲ့ လစာကြပ်တာဝန်ထမ်းဆောင်သူ ဒါမှမဟုတ် တပ်ခွဲအရာခံဗိုလ်က ထိန်းသိမ်းထားပါတယ်။ စုဆောင်းထားတဲ့ ဘဏ်စုငွေကို ဘဏ်စုစစ်သည်က ထုတ်ချင်တဲ့အခါမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ထုတ်ယူခွင့်မရှိပဲ ထုတ်ယူသုံးစွဲလိုတဲ့အကြောင်းအရာကို တပ်ရေးဗိုလ်ကြီးထံ တင်ပြရပြီး တပ်ရေးဗိုလ်ကြီးရဲ့ ခွင့်ပြုချက်လက်မှတ်ပါရှိမှသာ ထုတ်ယူခွင့်ရှိပါတယ်။ အကြောင်းပြချက် မခိုင်လုံရင် တပ်ရေးဗိုလ်ကြီးဖြစ်သူက ခွင့်ပြုချက်လက်မှတ် ထိုးမပေးပါဘူး။

MK-012
#MeKongNews
#မိုင်းဆတ်ခရိုင်
#ခမရ၅၅၄
#တပ်ရေးဗိုလ်ကြီး
#စကခ၁၄

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now