နေ့စဥ်သတင်း

ကားနဲ့လိုက်တိုက်သူနဲ့ ဓားနဲ့လိုက်ထိုးသူ နှစ်ယောက်ကို တရုတ်ကွပ်မျက်

မဲခေါင် 22 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၂ ကမ္ဘာမှာ သေဒဏ်စီရင်မှု အများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းအတော်ကြာ ထိပ်ဆုံးကရပ်တည်နေတဲ့ တရုတ်နိုင်ငံဟာ ကွပ်မျက်မှုတွေကို မျက်ကွယ်သာ တိတ်တဆိတ်သတ်ဖြတ်၊ သတင်းမှောင်ချခဲ့ပေမယ့် ဒီလပိုင်းထဲ သေဆုံးမှုများလှတဲ့ လူသတ်မှုတွေကျူးလွန်ခဲ့သူ ၂ ယောက်အပေါ် ကွပ်မျက်မှုကိုတော့ ကြုံတောင့်ကြုံခဲ့ နိုင်ငံပိုင်မီဒီယာကနေ ဇန်နဝါရီ ၂၀ ရက်မှာ လူသိရှင်ကြား ဖော်ပြသွားခဲ့ပါတယ်။ ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်နေ့က နိုင်ငံတောင်ပိုင်း ဇူဟိုင်အွန်မြို့ အားကစားကွင်းပတ်လမ်းနား လူစည်ကားနေတုန်း ၆၂ နှစ်အရွယ် အမျိုးသား ဖန်ဝေကျူဆိုသူဟာ ပတ်ချာလည်လှည့်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လို့ မြင်မြင်သမျှ လှည့်ပတ်ကားနဲ့တိုက်ခဲ့ရာက ၃၅ ယောက်သေဆုံးပြီး အယောက် ၈၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။ မစ္စတာ

မဲခေါင်၊ ဇန်နဝါရီ ၂၂

ကမ္ဘာမှာ သေဒဏ်စီရင်မှု အများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းအတော်ကြာ ထိပ်ဆုံးကရပ်တည်နေတဲ့ တရုတ်နိုင်ငံဟာ ကွပ်မျက်မှုတွေကို မျက်ကွယ်သာ တိတ်တဆိတ်သတ်ဖြတ်၊ သတင်းမှောင်ချခဲ့ပေမယ့် ဒီလပိုင်းထဲ သေဆုံးမှုများလှတဲ့ လူသတ်မှုတွေကျူးလွန်ခဲ့သူ ၂ ယောက်အပေါ် ကွပ်မျက်မှုကိုတော့ ကြုံတောင့်ကြုံခဲ့ နိုင်ငံပိုင်မီဒီယာကနေ ဇန်နဝါရီ ၂၀ ရက်မှာ လူသိရှင်ကြား ဖော်ပြသွားခဲ့ပါတယ်။

၂၀၂၄ နိုဝင်ဘာ ၁၁ ရက်နေ့က နိုင်ငံတောင်ပိုင်း ဇူဟိုင်အွန်မြို့ အားကစားကွင်းပတ်လမ်းနား လူစည်ကားနေတုန်း ၆၂ နှစ်အရွယ် အမျိုးသား ဖန်ဝေကျူဆိုသူဟာ ပတ်ချာလည်လှည့်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လို့ မြင်မြင်သမျှ လှည့်ပတ်ကားနဲ့တိုက်ခဲ့ရာက ၃၅ ယောက်သေဆုံးပြီး အယောက် ၈၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။

မစ္စတာ ဖန်ဟာ ဇနီးနဲ့ ကွာရှင်းရာမှာ ပိုင်ဆိုင်မှုခွဲဝေရမှုအပေါ် မကျေမနပ် ဒေါသထွက်ပြီး ပတ်ဝန်းကျင်ကို လက်စားချေလိုစိတ်ကြောင့် မြင်မြင်ရာ ကားနဲ့လိုက်တိုက်သတ်ကာ နောက်ဆုံး သူ့ကိုယ်သူ ကားထဲမှာ ဓားနဲ့လည်ပင်းကို ထိုးသတ်ရာက ကိုမာဖြစ်သွားပြီး ဆေးရုံတင် ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးက သေဒဏ်ချမှတ်ပြီး ၃ ပတ်အကြာမှာ ကွပ်မျက်မှုလုပ်ခဲ့ကြောင်းကို နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားတိုက်မှုနဲ့ ရက်ပိုင်းအကွာမှာပဲ ၀ူဇီမြို့က တက္ကသိုလ်တန်းပြီးသူ ၂၁ နှစ်အရွယ် ဇူဂျားဂျင်း ဆိုသူဟာ စာမေးပွဲ ရမှတ်မကောင်းလို့ အောင်လက်မှတ် မထုတ်ပေးသေးခြင်းအပေါ် မကျေမနပ်ဖြစ်ပြီး တက္ကသိုလ်ဝင်းထဲ ဓားနဲ့ မြင်ရာလိုက်ထိုးလို့ ၈ ယောက်သေဆုံးခဲ့လို့ သေဒဏ်ပေးခဲ့မှုကိုလည်း ကွပ်မျက်အပြီး နိုင်ငံပိုင်မီဒီယာကနေ ကြေညာကာ ဒီလပိုင်းထဲ စီးပွားရေးကျဆင်းခြင်းနဲ့ စိတ်ဖိစီးမှုများလွန်းခြင်းတွေကြောင့် နိုင်ငံအတွင်း လူ့ပတ်ဝန်းကျင်ကို ပစ်မှတ်ထား လက်စားချေမှုအဖြစ် မြင်မြင်ရာ လိုက်သတ်သူတွေ နောင်ကျဉ်သွားအောင် သမ္မတ ရှီကျင်းဖျင်က အပြင်းထန်ဆုံး သေဒဏ်တွေချမှတ်ပြီး နိုင်ငံပိုင်မီဒီယာက ကြေညာခိုင်းခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေဟာ တရုတ်ဟာ နှစ်ပေါင်းများစွာ ကမ္ဘာမှာ သေဒဏ်စီရင်မှုအများဆုံးနိုင်ငံအဖြစ် နှစ်စဉ် ထိပ်ဆုံးကရပ်တည်နေပြီး တစ်နှစ် ထောင်ချီ ကွပ်မျက်နေခဲ့လို့ ဝေဖန်မှုတွေ လုပ်ခဲ့ကြပေမယ့် ဒီတစ်ကြိမ် ကွပ်မျက်မှုတွေအပေါ်မှာတော့ တရုတ်တွစ်တာလို့ ခေါ်ရမယ့် လူမှုကွန်ရက် Weibo မှာ ထောက်ခံအားပေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

မနှစ်ကလည်း အမျိုးသားတစ်ယောက်ဟာ ယူနန်ပြည်နယ် ဆေးရုံပေါ်တက်ပြီး လူနှစ်ယောက်ကို သေစေအောင် ဓားနဲ့ထိုးသတ်ကာ ၂၁ ယောက် ဒဏ်ရာရရှိစေအောင် တိုက်ခိုက်ခဲ့ပါသေးတယ်။

၂၀၂၄ ခုနှစ်အတွင်း တရုတ်မှာ စီးပွားရေးကျဆင်းခြင်း၊ ပြဿနာနဲ့ ဖိအားများစွာကို ပြည်သူတွေ ခံစားရခြင်းကနေ ခုလို လူ့ပတ်ဝန်းကျင်ကို ပစ်မှတ်ထားပြီး မြင်မြင်ရာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုပေါင်း ၁၉ ခု ရှိခဲ့ကာ တစ်ယောက်လုပ်ရပ်ကို တစ်ယောက် နမူနာယူလိုက်လုပ်ရာက ပေါ်ပျူလာဖြစ်လာတဲ့ လူသတ်မှုတွေဖြစ်လို့ ရှီကျင်းဖျင်ရဲ့ ဒီတစ်ကြိမ်သေဒဏ်တွေအပေါ် ပြည်သူလူထုထောက်ခံမှု ပိုရခဲ့တယ်လို့ ဆိုပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#ကားနဲတိုက်
#ဓားနဲ့ထိုး
#တရုတ်
#ကွပ်မျက်
#မီဒီယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now