နေ့စဥ်သတင်း

ကျားဖြန့်နဲ့ လူမှောင်ခိုတိုက်ဖျက်ရေး ခြောက်လစီမံကန်း ဖော်ဆောင်မယ်လို့ ထိုင်းအသိပေး

မဲခေါင် 21 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၁ အိမ်နီးချင်းနိုင်ငံနယ်စပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်း၊ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးနေမှုတွေကို တိုက်ဖျက်ဖို့ ခြောက်လစီမံကိန်းချ ဖော်ဆောင်မှာဖြစ်ကြောင်း ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖမ်သမ်ဝီချာယာချိုင်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောဆိုပါတယ်။ ဖမ်သမ်က လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ ဒီစီမံကိန်းအတွက် ပြည်ထဲရေး၊ တော်ဝင်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ငွေကြေးခဝါချတိုက်ဖျက်ရေးရုံး (Amlo) နဲ့ တခြား အေဂျင်စီတွေဟာ တိုင်းတာမှု အသစ်တွေနဲ့ ဘယ်လို ခြောက်လစီမံကိန်းနဲ့ ထိရောက်စွာ တိုက်ဖျက်ရမလဲဆိုတာ အစည်းအဝေးကျင်းပ ဆွေးနွေး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ပေထောင်တန်၊ စစ်ဘက်နဲ့ ရဲဘက်ခေါင်းဆောင်တွေက

မဲခေါင်၊ ဇန်နဝါရီ ၂၁

အိမ်နီးချင်းနိုင်ငံနယ်စပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်း၊ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးနေမှုတွေကို တိုက်ဖျက်ဖို့ ခြောက်လစီမံကိန်းချ ဖော်ဆောင်မှာဖြစ်ကြောင်း ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖမ်သမ်ဝီချာယာချိုင်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောဆိုပါတယ်။

ဖမ်သမ်က လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ ဒီစီမံကိန်းအတွက် ပြည်ထဲရေး၊ တော်ဝင်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ငွေကြေးခဝါချတိုက်ဖျက်ရေးရုံး (Amlo) နဲ့ တခြား အေဂျင်စီတွေဟာ တိုင်းတာမှု အသစ်တွေနဲ့ ဘယ်လို ခြောက်လစီမံကိန်းနဲ့ ထိရောက်စွာ တိုက်ဖျက်ရမလဲဆိုတာ အစည်းအဝေးကျင်းပ ဆွေးနွေး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ပေထောင်တန်၊ စစ်ဘက်နဲ့ ရဲဘက်ခေါင်းဆောင်တွေက အသေးစိတ် ထုတ်ပြန်သွားမှာဖြစ်ပြီး ခြောက်လစီမံကိန်း တိုးတက်ဖြစ်ထွန်းမှု မဖြစ်လာခဲ့ရင် ပိုမိုတင်းကျပ်တဲ့အတိုင်းအတာနဲ့ တစ်ဆင့်ထပ်တိုးစီမံသွားမယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါး ကမ္ဘာ့စျေးကွက်ကို ဖြန့်ရာ အဓိက ထွက်လမ်းဖြစ်နေသလို အိမ်နီးချင်းနိုင်ငံနယ်စပ်ဒေသတွေမှာ တရုတ်ဒုစရိုက်ဂိုဏ်းတွေ ထူထောင်ထားတဲ့ ကျားဖြန်လုပ်ငန်းတွေရှိခြင်းနဲ့ အတူ လူမှောင်ခိုကူးခံရမှုများလည်း ဆက်တိုက် ကမ္ဘာသိပေါ်ပေါက်နေခဲ့လို့ တရုတ်အစိုးရက အမြစ်ဖြတ်တိုက် ဖျက်ရေး ဖိအားပေးတိုက်တွန်းခြင်း ခံနေရပါတယ်။

ဖမ်သမ်ဟာ ဒီထုတ်ပြန်မှုကို လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရဲ့ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ တွေ့ဆုံပြောဆိုပြီးနောက် ထုတ်ပြန်တာဖြစ်ကာ သက်ဆင်က နိုင်ငံအရှေ့မြောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးသစ် များရွေးချယ်ပွဲအတွက် သူ့ပါတီက ကိုယ်စားလှယ်တွေကို ထောက်ပံ့အားပေးဖို့ မဲခေါင်ဖြစ်တစ်လျှောက် လှည့်လည်စဉ် တစ်နှစ်အတွင်း အိမ်နီးချင်းကပ်လျှက်ဒေသတွေက ကျားဖြန်လုပ်ငန်းတွေကို အဆုံးသတ် ဖျက်သိမ်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါသေးတယ်။

မြန်မာအပါအဝင် နယ်စပ်ဒေသတွေက ကျားဖြန်ဒုစရိုက်ဂိုဏ်းတွေရန်ဟာ နိုင်ငံလုံခြုံရေးကိုပါ ကြောက်စရာ စိန်ခေါ်မှုဖြစ်လာစေတဲ့အတွက် ခရိုင် ၁၄ ခု၊ ခရိုင်ခွဲ ၅၁ ခုနဲ့ ရဲစခန်းပေါင်း ၇၆ ခုဟာ နိုင်ငံအရှေ့နဲ့အနောက်ဘက် နယ်စပ်တွေမှာ ၂ ထပ် လုံခြုံရေးစည်းရိုးကို ကာရန် စောင့်ကြပ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် တာဝန်ကျရာ ဌာနက အရာရှိအရာခံတွေ၊ လုံခြုံရေးအရာရှိတွေဟာ ဒီအလုပ်နဲ့ မလိုက်ဖက်ဘူးထင်ရင် တာဝန်ကျရာနေရာ ပြောင်းရွှေ့ခွင့်ပြုမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အရပ်ကို ပြောင်းပေးမှာမျိုးလို့တော့ လုံး၀မမျှော်လင့်နိုင်ကြောင်း ဖမ်သမ်က သတိပေးပြောဆိုသွားပါတယ်။

Ref: bangkokpost
MKF-001
#MeKongNews
#ကျားဖြန့်
#လူမှောင်ခို
#ခြောက်လစီမံကိန်း
#ထိုင်းအသိပေး
#အိမ်နီးချင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now