မဲခေါင်၊ ဇန်နဝါရီ ၁၉
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့က အွန်လိုင်းငွေလိမ်မှု ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာချီ အန္တရာယ်ဖြစ်နေလို့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှာနောက်ထုတ်လုပ်ရောင်းချမယ့် ဖုန်း SIM ကတ်တွေကို ဇီ၀သက်သေခံ အထောက်အထားအချက်အလက်တွေပါ ထည့်သွင်းမှတ်ပုံတင်ပြီးမှ ရောင်းချပေးတော့မယ်လို့ သိရပါတယ်။
ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ဟာ တယ်လီကွန်းနည်းပညာနဲ့ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့အရေး SIM ကတ် ဝယ်ယူမှုတိုင်းမှာ ပတ်စ်ပို့တ် လိုအပ်သလို နိုင်ငံခြားသား တစ်ယောက်ဟာ ဖုန်းအော်ပရေတာ တစ်ခု ဆီက အများဆုံး SIM ကတ် ၃ ကတ်သာ ဝယ်ယူနိုင်ပြီး ဒီ ၃ ကတ်စီဟာလည်း မျက်လုံးစကန်အပါအဝင် ကိုယ်ရေး ဇီ၀ အချက်အလက်အပြည့်အစုံနဲ့ မှတ်ပုံတင်ထားနိုင်မှ ရောင်းချပေးတော့မယ်လို့ ဆိုပါတယ်။
ဒီစနစ်ကို ထိုင်းရဲတပ်ဖွဲ့တွေဆီ တိုက်ရိုက် လမ်းညွှန်ပို့ဆောင်ထားပေးမှာဖြစ်ကာ မှတ်ပုံတင်စနစ် စည်းကမ်းနဲ့ မညီညွတ်ခြင်းနဲ့ SIM ကတ်တွေကို ရောင်းချသူတွေဟာ ဥပဒေသစ်ကို မလိုက်နာရင် ဒဏ်ငွေနဲ့ ထောင်ဒဏ်များ ချမှတ်မှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသားများစွာဟာလည်း မြ၀တီကျားဖြန့်လုပ်ငန်းတွေမှာ လူမှောင်ခိုကူးခံထားရပြီး ငွေကြေးလိမ်လည် ခံရမှုနဲ့ ဆုံးရှုံးနစ်နာမှုတွေများနေတာကြောင့် အိန္ဒိယဝန်ကြီးချုပ်ရုံးကလည်း နောက်ထုတ်မယ့် SIM ကတ် အားလုံးမှာ ဝယ်ယူသုံးစွဲသူရဲ့ ဇီ၀အချက်အလက်အားလုံးကို မှတ်ပုံတင်ပြီးမှ အသုံးပြုခွင့်ပေးတော့မယ်လို့ သိရပါတယ်။
အိန္ဒိယကတော့ သူတို့ရဲ့ ဖုန်း SIM ကတ် အသုံးပြုသူတွေဟာ ဇီ၀အချက်အလက်မှတ်ပုံတင်မှုတွေကို Aadhaar Digital ID System ကနေ မှတ်ပုံတင်ရမယ်လို့ ကြေညာပါတယ်။
ဒီ ဇီ၀အချက်အလက် မှတ်ပုံတင် SIM ကတ် စနစ်ကို အိန္ဒိယနဲ့ ထိုင်းသာမက အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ရဝမ်ဒါ၊ ကင်မရွန်း၊ ရုရှားနဲ့ ပါကစ္စတန်နိုင်ငံတွေကလည်း အတည်ပြု အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
Ref: biometricupdate
MKF-001
#MeKongNews
#ကျားဖြန့်
#ဆင်းကတ်
#ဇီဝအချက်အလက်
#မှတ်ပုံတင်
#ထိုင်း
#အိန္ဒိယ
#ရောင်းချ








