မဲခေါင်၊ ဇန်နဝါရီ ၁၉
ကမ္ဘာ့အကြီးမားဆုံး လူစုဝေးရာ ဟိန္ဒူဘာသာရေးပွဲတော်ကြီး Kumbh Mela မှာ လူပြိုပိ၊ ရေနစ်သေဆုံးမှု ကာကွယ်တားဆီးဖို့ ပွဲတော်စီမံခန့်ခွဲရေးအဖွဲ့ဟာ ဉာဏ်ရည်တု AI စနစ် အသုံးပြုသွားမယ်လို့ ကြေညာပါတယ်။
Kumbh Mela ပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာပွဲတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်နဲ့ ဂျမ်နားမြစ် ၄ နေရာမှာ ၁၂ နှစ်တစ်ကြိမ် ကျင်းပတဲ့ပွဲတော်ဖြစ်ပြီး ဒီနှစ်မှာတော့ ဇန်နဝါရီ ၁၃ ရက်နေ့ကနေစပြီး ၆ ပတ်ကြာကျင်းပမှာဖြစ်ကြောင်းနဲ့ ပွဲတော်လာ ပရိသတ် သန်း ၄၀၀ အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
၁၉၅၄ ခုနှစ်က ဒီပွဲတော်မှာ တစ်ရက်တည်း လူပြိုပိ၊ ရေနစ်သေဆုံးရသူပေါင်း စံချိန်တင်အများဆုံးအဖြစ် ၄၀၀ ကျော်သေဆုံးခဲ့ရသလို ၂၀၁၃ ခုနှစ်က မြောက်ပိုင်းမြို့တော် ပရာယာဂရက်ဂျ်မှာ ပွဲတော်နောက်ဆုံးရက် ၃၆ ယောက် သေဆုံးခဲ့ရပါတယ်။
ပွဲတော်လာ ဘာသာရေးဘုရားဖူးဦးရေဟာ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံပေါင်း လူဦးရေဝန်းကျင်ရှိတာကြောင့် ယာယီနိုင်ငံတော်တစ်ခုသဖွယ် ရှိလာမှာဖြစ်ပြီး ပွဲတော် ပထမရက် မြစ်အတွင်း ရေထဲဆင်းပူဇော်သူပေါင်းမှာတင် ၆ သန်းကျော်ရှိပါတယ်။
ဒီလို ပရိတ်သတ်များပြားလွန်းတာကြောင့် လူသား စီမံခန့်ခွဲမှုတစ်ခုတည်းနဲ့ မလုံလောက်လို့ AI စနစ်ကို လူစည်ကားရာနေရာတွေမှာ ကင်မရာ အလုံး ၃၀၀ ကျော်တပ်ဆင်ပြီး အန္တရာယ်ရှိနိုင်တဲ့ လူထူထပ်မှုမျိုးတွေ၊ ရေဆင်းချိုးရာနေရာတွေမှာ တိုင်တွေ၊ ဒရုန်းပေါင်းများစွာ ထားရှိပြီး အချက်ပြစနစ်နဲ့ သတိပေးထိန်းသိမ်းမယ့် AI စနစ်ထားရှိ စောင့်ကြည့်သွားမယ်လို့ ပွဲတော်စီမံထိန်းသိမ်းရေးက ကြေညာပါတယ်။
Ref: straitstimes
MKF-001
#MeKongNews
#ကမ္ဘာအကြီးဆုံး
#ဟိန္ဒူဘာသာရေးပွဲ
#အိန္ဒိယ
#လူပိ
#အေအိုင်စနစ်








