နေ့စဥ်သတင်း

မြေပြင်မှာ ဖောက်ထွက်နိုင်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ မိုးဗြဲ လမ်းမကြီးတစ်လျှောက်ကို လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာသာပြုလုပ်နိုင်

မဲခေါင် 17 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၇ မြေပြင်မှာ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်တွေကို ဖောက်ထွက်နိုင်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ ပြည်သူတွေသွားလာ လှုပ်ရှားနေကြတဲ့ ရှမ်း၊ ကရင်နီ(ကယား)နယ်စပ်က မိုးဗြဲလမ်းမကြီးတစ်လျှောက်ကို ဒီကနေ့ လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် KNA ထံကသိရပါတယ်။ ဒီကနေ့( ဇန်နဝါရီ ၁၇) ၊ နေ့လယ် ၁ နာရီခန့်က မိုးဗြဲလမ်းမကြီးတစ်လျှောက် ဗုံးအလုံးရေအများအပြား ကြဲချခဲ့တာကြောင့် လမ်းပျက်စီးမှုတွေရှိခဲ့သော်လည်း လူအထိအခိုက်မရှိဘူးလို့ ကယန်းအမျိုးသားတပ်မတော် KNA ပြော ရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်ကိုပြောပါတယ်။ “သူတို့က လွိုင်င်ကော်-မိုးဗြဲလမ်းကိုပြန်ပြီးတော့ စိုးမိုးချင်တဲ့အနေအထားမျိုးတော့ရှိတာပေါ့နော်၊ ဒါပေမဲ့ သူတို့က ထိုး ဖောက်နိုင်တဲ့အခြေအနေမျိုးတော့မရှိသေးဘူး၊ ကျွန်တော်တို့ အင်အားစုတွေ ကင်းပုံစံမျိုးတောက်လျှောက်ရှိထားတာပေါ့”လို့ သူကပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ၂၀၂၅

မဲခေါင်၊ ဇန်နဝါရီ ၁၇

မြေပြင်မှာ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်တွေကို ဖောက်ထွက်နိုင်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ ပြည်သူတွေသွားလာ လှုပ်ရှားနေကြတဲ့ ရှမ်း၊ ကရင်နီ(ကယား)နယ်စပ်က မိုးဗြဲလမ်းမကြီးတစ်လျှောက်ကို ဒီကနေ့ လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် KNA ထံကသိရပါတယ်။

ဒီကနေ့( ဇန်နဝါရီ ၁၇) ၊ နေ့လယ် ၁ နာရီခန့်က မိုးဗြဲလမ်းမကြီးတစ်လျှောက် ဗုံးအလုံးရေအများအပြား ကြဲချခဲ့တာကြောင့် လမ်းပျက်စီးမှုတွေရှိခဲ့သော်လည်း လူအထိအခိုက်မရှိဘူးလို့ ကယန်းအမျိုးသားတပ်မတော် KNA ပြော ရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်ကိုပြောပါတယ်။

“သူတို့က လွိုင်င်ကော်-မိုးဗြဲလမ်းကိုပြန်ပြီးတော့ စိုးမိုးချင်တဲ့အနေအထားမျိုးတော့ရှိတာပေါ့နော်၊ ဒါပေမဲ့ သူတို့က ထိုး ဖောက်နိုင်တဲ့အခြေအနေမျိုးတော့မရှိသေးဘူး၊ ကျွန်တော်တို့ အင်အားစုတွေ ကင်းပုံစံမျိုးတောက်လျှောက်ရှိထားတာပေါ့”လို့ သူကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၅ နှစ်ဦးပိုင်းကစတင်ပြီး လွိုင်ကော်-မိုးဗြဲလမ်းမကြီးတလျှောက် နယ်မြေစိုးမိုးမှုပြန်လည်ရရှိနိုင်ဖို့ နေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေဗုံးကြဲချတိုက်ခိုက်တာနဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်တာတွေ ခက်စိမ့်စိမ့် လုပ်လာပေမဲ့ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်နိုင်တာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။

မြေပြင်မှာ ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိတဲ့ မိုးဗြဲမြို့အနီးဝန်းကျင်ကို စစ်ကောင်စီအနေနဲ့ အချိန်မရွေး ဝင်ရောက်လာနိုင်သလို ပြည်သူတွေနေထိုင်ရာ နေအိမ်၊ အဆောက်အအုံနဲ့ စစ်ရှောင်ဒေသခံတွေတည်ရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံကြဲချတိုက်ခိုက်တာတွေ ပြုလုပ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ၊ စစ်ရှောင်တွေအနေနဲ့ သွားလာလှုပ်ရှားနေထိုင်ရာမှာ သတိဝီရိယာထားပြီး ဂရုတစိုက်ရှိကြဖို့လိုအပ်တယ်လို့ KNA ကသတိပေးပါတယ်။

“သူတို့စစ်ကြောင်းထိုးလာတဲ့နေကတော့ အကြီးအကျယ်ဖြစ်မယ့်နေပဲ၊ စစ်ကောင်စီက သူတို့စိုးမိုးနိုင်တာဆိုလို့ ၄၂၂ တပ်ရင်း မှာပဲ၊ တာဝန်ယူထားကြတဲ့ အင်အားစုတွေ အသီးသီးက မြေပြင်မှာဆိုလည်း ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးနဲ့အလုပ်လုပ်နေတာပေါ့နော်၊ အခု ကျွန်တော်တို့ သူတို့ရဲ့မလှမ်းမကမ်းမှာနေထားတော့ သူတို့ကိုခြိမ်းခြောက်နိုင်တဲ့အနေအထား မျိုးလုပ်ထားနိုင်တယ်”လို့ ခွန်းဆောင်ဒူကပြောပါတယ်။

ပြန်လည်စုဖွဲ့ပေါင်းစည်းထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ မြို့ပြ တော်လှန်တပ်ဦး (URF) နဲ့ ကယန်းအမျိုးသားတပ်မတော် (KNA) အပါအဝင် ဒေသတော်လှန်ရေးတပ်တွေက ခမရ (၄၂၂) ကို ဝိုင်းဝန်းပိတ်ဆိုးထားတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေကို ဖောက်ထွက်မရဖြစ်နေတဲ့ စစ်ကောင်စီရဲ့မိုးဗြဲမြို့ ခြေစိုက် ခမရ ၄၂၂ တပ်နဲ့ လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) ကနေပြီး မိုးဗြဲမြို့နယ်အတွင်းကို လက်နက်ကြီးတွေဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိပြီး အဲဒီပစ်ခတ်မှု ကြောင့် ဇန်နဝါရီ ၁၃ ရက်က ဘီလူးချောင်းဘေးမှာ ငါးထိုင်မျှားနေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကလည်း စစ်ကောင်စီက ဒီမောဆိုရှိ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ သုံးဦးသေဆုံးပြီး လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက (၁၁၁၁) စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်၊ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနဲ့ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့မြို့ ခုနစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီရဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် မယ်စဲ့၊ နန်းမယ်ခုံ၊ ရှားတော၊ မော်ချီမြို့တို့ကို တော်လှန်ရေးတပ်တွေက ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။

မိုးဗြဲဖယ်ခုံဟာ ရှမ်းပြည်နယ်တောင်ပိုင်းထဲက မြို့နှစ်မြို့ဖြစ်ပြီး ကရင်နီပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြို့ဖြစ်တာ ကြောင့် ရှမ်းပြည်နယ်ပင်လောင်းဘက်ကနေ ကရင်နီဒေသကိုလာတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့ကိုမဖြစ် မနေဖြတ်သန်းရတာဖြစ်လို့ စစ်ရေးမဟာဗျူဟာအရ အချက်အချာကျတဲ့မြို့ တစ်ခုလည်းဖြစ်နေပါတယ်။

CJ-017
#MeKongNews
#KNA
#လွိုင်ကော်
#မိုးဗြဲ
#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now