နေ့စဥ်သတင်း

လာအိုသွားသူတွေကို ပါခုတ်ဂိတ်မှာ နယ်ထိန်းမျိုးအောင်နဲ့ မင်းမင်းလတ် ငွေအဆမတန်တောင်းနေ

မဲခေါင် 14 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၄ တာချီလိတ်မြို့နယ်ကို ဖြတ်သန်းပြီး လာအိုနိုင်ငံဘက်အခြမ်းကို သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေထံကနေ ပါခုတ်ကျေးရွာစစ်ဆေးရေးဂိတ် တာဝန်ကျရဲတွေက ငွေကြေးအဆမတန်တောင်းနေတယ်လို့ သတင်းရင်းမြစ်တွေနဲ့ ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုထဲမှာရှိတဲ့ ပါခုတ်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ နယ်ထိန်းမျိုးအောင်နဲ့ မင်းမင်းလတ်တို့က ငွေကြေးအဆမတန် ကောက်ခံနေတာဖြစ်ပြီး လူပို့ဆောင်ပေးတဲ့ ကားသမားတွေထံကသာမက လာအိုသွားမယ့်သူတွေထံကပါ အသွားကို ဘတ် ၂၀၀၊ အပြန်ကို ဘတ် ၁၀၀ ထပ်မံကောက်ခံတယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။ ဒါ့အပြင် မဲခေါင်မြစ်ဆိပ်ရောက်ရင်လည်း ဝမ်ပုံရဲစခန်းက နယ်ထိန်းနဲ့အဖွဲ့က လာအိုဘက်ကမ်းပို့ပေးတဲ့လှေတွေထဲကနေ ဘတ်ငွေ ငါးထောင်၊ တစ်သောင်း ထပ်မံကောက်ခံသေးတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ “ပါခုတ်ကျေးရွာမှာစစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ

မဲခေါင်၊ ဇန်နဝါရီ ၁၄

တာချီလိတ်မြို့နယ်ကို ဖြတ်သန်းပြီး လာအိုနိုင်ငံဘက်အခြမ်းကို သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေထံကနေ ပါခုတ်ကျေးရွာစစ်ဆေးရေးဂိတ် တာဝန်ကျရဲတွေက ငွေကြေးအဆမတန်တောင်းနေတယ်လို့ သတင်းရင်းမြစ်တွေနဲ့ ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။

မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုထဲမှာရှိတဲ့ ပါခုတ်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ နယ်ထိန်းမျိုးအောင်နဲ့ မင်းမင်းလတ်တို့က ငွေကြေးအဆမတန် ကောက်ခံနေတာဖြစ်ပြီး လူပို့ဆောင်ပေးတဲ့ ကားသမားတွေထံကသာမက လာအိုသွားမယ့်သူတွေထံကပါ အသွားကို ဘတ် ၂၀၀၊ အပြန်ကို ဘတ် ၁၀၀ ထပ်မံကောက်ခံတယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဆိပ်ရောက်ရင်လည်း ဝမ်ပုံရဲစခန်းက နယ်ထိန်းနဲ့အဖွဲ့က လာအိုဘက်ကမ်းပို့ပေးတဲ့လှေတွေထဲကနေ ဘတ်ငွေ ငါးထောင်၊ တစ်သောင်း ထပ်မံကောက်ခံသေးတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“ပါခုတ်ကျေးရွာမှာစစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ ဝမ်ပုံစခန်းက ရဲတွေက အဓိကတာဝန်ယူထားပါတယ်။ ဝမ်ပုံရဲစခန်းဟာ မဲခေါင်မြစ်ဘေးမှာရှိပါတယ်။ မြစ်ဆိပ်ကိုရောက်ရင် နယ်ထိန်းအဖွဲ့က လာအိုကိုပို့တဲ့ လှေပိုင်ရှင်တွေထံက ထိုင်းဘတ်ငွေ ငါးထောင်၊ တစ်သောင်း အမျိုးမျိုးကောက်ခံပါတယ်” လို့ သူက ပြောပါတယ်။

အရင်က ကားတစ်စီးကို ဘတ် ၃၀၀၀ သာကောက်ခံပေမယ့် အခုအခါမှာ လူတစ်ဦးကို အသွား ဘတ် ၂၀၀၊ အပြန် ဘတ် ၁၀၀ ကောက်ခံတဲ့အပြင် ကားတစ်စီးကိုလည်း ဘတ် ၅၀၀၀ ကောက်ခံတဲ့အပြင် မဲခေါင်မြစ်ဘေးမှာလည်း ထပ်တောင်းသေးတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ တာချီလိတ်ကနေတဆင့် လာအိုဘက်ကို အလုပ်လုပ်ဖို့ရည်ရွက်ချက်နဲ့ သွားရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ တစ်ရက်ကို အနည်းဆုံး တစ်ရာကျော်ရှိနေပြီး တစ်ချို့ရက်တွေမှာ အယောက် ၃၀၀ ကျော်အထိရှိတယ်လို့ ပုံမှန်သွားလာသူတစ်ဦးက ပြောပါတယ်။

“အခုက လူဟောင်းတွေပြန်သွားတာများတယ်။ လူသစ်ဆိုရင်အလုပ်က ခက်တယ်။ လုပ်ဖူးတဲ့လူဆိုရင် ပိုအဆင်ပြေတယ်။​ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ မသွားတာတော့ပိုကောင်းတယ်။ အဲဒီမှာ နေရာရနေတဲ့ နိုင်လင်းက မြန်မာစစ်တပ်ကလူတွေနဲ့အဆက်အသွယ်ရှိတယ်” လို့ သူက ပြောပါတယ်။

နိုင်လင်းဆိုသူဟာ လာအိုရဲတစ်ယောက်ရဲ့ သမီးဖြစ်သူနဲ့ ယူထားသူဖြစ်ပြီး မြန်မာစစ်တပ်အရာရှိတွေနဲ့ ရင်းနှီးသူဖြစ်ကာ နိုင်ငံရေးနဲ့ပတ်သက်သူတွေလာအိုဘက်မှာ ဖမ်းဆီးခံရတာဟာ သူ့လက်ချက်ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းတစ်ဖက်မှာရှိတဲ့ လာအိုနိုင်ငံဘက်အခြမ်းမှာ မြန်မာနိုင်ငံသားတွေသွားရောက် အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ တစ်စတစ်စ များပြားလာပြီး လက်ရှိမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။

MK – 004
#MeKongNews
#တာချီလိတ်
#လာအိုနိုင်ငံ
#ပါခုတ်ဂိတ်
#လာဘ်ငွေ
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now