နေ့စဥ်သတင်း

ဒုရဲမှူးကြီးအဆင့်ဦးစီးတဲ့အဖွဲ့ လိုက်လံရှာဖွေနေဆဲဖြစ်တဲ့ အောင်ပန်းရဲအချုပ်ခန်း ဖောက်ပြေးမှုကို နေပြည်တော်ဝန်ကြီးဌာနအဆင့်က စစ်ဆေးနေ

မဲခေါင် 11 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၁ ရှမ်းပြည်တောင်ပိုင်း ၊ အောင်ပန်းရဲစခန်းက အချုပ်ကိုဖေါက်ပြီး ထွက်ပြေးသွားသူတွေကို ဒုရဲမှူးကြီးဦးစီးတဲ့အဖွဲ့က ဒီနေအထိလိုက်လံရှာဖွေနေဆဲဖြစ်ပြီး ဖြစ်စဉ်ကို CID ၊ အထူးသတင်းတပ်ဖွဲ့ SB နဲ့ နေပြည်တော်ဝန်ကြီးဌာနအဆင့်ကပါ လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကလောခရိုင်၊ ဒုရဲမှူးကြီး ခင်နိုင် ဦးစီးတဲ့ အင်အား ၂၀ ခန့်နဲ့ သာစည်ဘက်၊ ပင်းတယ ဟံမြင့်မိုရ်ဘက်နဲ့ ရပ်စောက်ဘက်တွေကို ဒီနေ့(ဇန်နဝါရီ၁၁) အထိ လိုက်လံရှာဖွေနေဆဲလို့ သိရပါတယ်။ အချုပ်ခန်းသံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ တစ်ရက်ခွဲခန့် အချိန်ယူဖြတ်တောက်ကာ အခုလ၊ ဇန်နဝါရီ ၉ ရက်၊ မနက်ပိုင်း ရေစက်မောင်းနေတဲ့အသံရယ်၊ အချုပ်သားတွေ ဘုရားရှိခိုးသံတွေရယ် အသံဆူညံနေချိန်မှာ ထွက်ပြေးတာဖြစ်တယ်လို့ ရဲစခန်းနဲ့

မဲခေါင်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်တောင်ပိုင်း ၊ အောင်ပန်းရဲစခန်းက အချုပ်ကိုဖေါက်ပြီး ထွက်ပြေးသွားသူတွေကို ဒုရဲမှူးကြီးဦးစီးတဲ့အဖွဲ့က ဒီနေအထိလိုက်လံရှာဖွေနေဆဲဖြစ်ပြီး ဖြစ်စဉ်ကို CID ၊ အထူးသတင်းတပ်ဖွဲ့ SB နဲ့ နေပြည်တော်ဝန်ကြီးဌာနအဆင့်ကပါ လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကလောခရိုင်၊ ဒုရဲမှူးကြီး ခင်နိုင် ဦးစီးတဲ့ အင်အား ၂၀ ခန့်နဲ့ သာစည်ဘက်၊ ပင်းတယ ဟံမြင့်မိုရ်ဘက်နဲ့ ရပ်စောက်ဘက်တွေကို ဒီနေ့(ဇန်နဝါရီ၁၁) အထိ လိုက်လံရှာဖွေနေဆဲလို့ သိရပါတယ်။

အချုပ်ခန်းသံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ တစ်ရက်ခွဲခန့် အချိန်ယူဖြတ်တောက်ကာ အခုလ၊ ဇန်နဝါရီ ၉ ရက်၊ မနက်ပိုင်း ရေစက်မောင်းနေတဲ့အသံရယ်၊ အချုပ်သားတွေ ဘုရားရှိခိုးသံတွေရယ် အသံဆူညံနေချိန်မှာ ထွက်ပြေးတာဖြစ်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

အချုပ်ခန်းဖောက်ထွင်းမှုကို ပြီးခဲ့တဲ့နှစ်က ကလောလမ်းခွဲမှာ သားအမိနှစ်ဦးကိုသတ်ကာ ဆိုင်ကယ်နဲ့ လက်ဝတ်လက်စားတွေလုယက်ခဲ့သူ မင်းမင်းဦး (ခ) မင်းမောင်(၃၃) နှစ်နဲ့ အောင်ခိုင်ဦး(ခ)အောင်ကြီး(၂၆)နှစ်တို့က ဦးဆောင်တာလို့ သိရပါတယ်။

အောင်ပန်းအချုပ်ခန်းမှာ ကျားတစ်ခန်း၊ မတစ်ခန်း ချုပ်နှောင်ထားတာဖြစ်ပြီး အခုဖောက်ခံရတဲ့ ကျားအချုပ်ခန်းမှာ အချုပ်သား ၂၉ ဦးရှိခဲ့တာဖြစ်လို့ ကျန်ရှိသူတွေကို သံဖြတ်လွှ ဘယ်လိုရတာကအစ ဖောက်ထွင်းမှုကို သိ၊ မသိ အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခင်းဖြစ်ချိန် တာဝန်ကျ ကင်းမှူးရဲတပ်ကြပ်ကြီး ထွန်းမြင့်နဲ့ ကင်းသားတွေ၊ တာဝန်မှူး၊ စခန်းမှူးတွေကို အချုပ်ခန်းတိုင်တွေ စစ်ဆေးမှုကအစ အချုပ်သားတွေဆီပါသွားတဲ့ ၁၂ ဗို့သေနတ် ကျည်မရှိတာ၊ ရဲတွေကိုယ်တိုင် ဒီဖြစ်စဉ်မှာ ပါ၊ မပါ ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ဆိုင်ကယ်လု လူသတ်ကောင်တွေကို အင်တောဘက်ပြေးမယ်ယူဆလို့ လိုက်နေတယ်၊ တောထဲရောက်သွားရင်တော့ တွေ့ဖို့မလွယ်လောက်တော့ဘူး” လို့ အောင်ပန်းဒေသခံတစ်ဦးက ပြောပါတယ်။

အချုပ်ဖောက်ထွက်ပြေးသူ ၁၀ ဦးအနက် နှစ်ဦးကို ဖမ်းမိပြီး ကျန်သူတွေလွတ်မြောက်နေဆဲလို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက် မနက် ၁ နာရီခွဲခန့်က အချုပ်ခန်းဖောက်ပြေးသူ ၁၀ ဦးထဲက ညီညီအောင် (ခ) ညီညီ အောင်ပန်းကို အချုပ်ဖောက်ပြေးစဉ်မှာပဲ ဖမ်းဆီးရမိခဲ့ပြီး ကလောမြို့က ခိုးမှုနဲ့ဖမ်းထားတဲ့ မိုးဆွေဟိန်း (ခ) ရဲလေးကို မနက် ၉ နာရီခွဲလောက်မှာ မစခ(၉၀၃) အနီးမှာ ဖမ်းမိတယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့အချိန်က အောင်ပန်း အချုပ်ခန်းထဲမှာ အချုပ်သားကျား ၂၉ ဦး ၊ မ ၃ ဦး၊ စုစုပေါင်း ၃၂ ဦး ရှိနေပြီး ကင်းသမား ရဲတပ်သား ထွန်းမင်းကျော်ရဲ့ ကင်းချိန်မှာ ကျားအခန်းအိမ်သာဘက်ကနေ အသံကြားလို့ သွားကြည့်တဲ့အခါ အချုပ်ခန်းဖေါက်ပြီး ထွက်ပြေးနေကြတာတွေ့လို့ အော်ခေါ်ခဲ့ရာ ကင်းမှူးနဲ့ ကျန်ကင်းသမားတွေနိုးပြီး ဝိုင်းပြီးဖမ်းကြလို့ ညီညီအောင် တစ်ဦးကိုသာ ပြန်လည်ဖမ်းမိခဲ့တာပါ။

ထွက်ပြေးသွားတဲ့ အချုပ်သားတွေဟာ ကင်းမှူး ရဲတပ်ကြပ်ကြီး ထွန်းမြင့်ကိုင်ဆောင်တဲ့ ၁၂ ဗို့ တစ်လက်ကို ယူဆောင်သွားပေမယ့် ကျည်ဆံပါမသွားဘူးလို့ သိရပါတယ်။‌ေ

အောင်ခိုင်မိုး (ခ) အောင်ကြီး( ရွှေညောင်- လူသေမှု နဲ့ လုယက်မှု) ၊ မင်းမင်းဦး (ခ) မင်းမောင်( ပင်လုံ – လူသေမှု နဲ့ လုယက်မှု ) ၊ မိုးမြင့်စိုး (ခ) ဇိုးဘိုင်း အောင်ပန်း (ခိုးမှု) ၊ ရန်ရှင်းအောင် (အောင်ပန်း- ခိုးမှု) ၊ ငမိုး (အောင်ပန်း – ခိုးမှု) ၊ လွင်မိုး (ခ) လွင်မိုးအောင်(အောင်ပန်း- ခိုးမှု) ၊ သန့်ဇင်ဦး (အောင်ပန်း – ခိုးမှု) ၊ အောင်ကိုဦး (ခ) ဧရာ၀တီ (အောင်ပန်း – ခိုးမှု) တို့ လွတ်မြောက်နေဆဲဖြစ်ကြောင်းနဲ့ အသက် ၁၅ နှစ်ကနေ ၃၂ နှစ်အထိ အရွယ်စုံရှိတယ်လို့ သိရပါတယ်။

MK-012
#MeKongNews
#အောင်ပန်း
#ရဲစခန်း
#အချုပ်ဖေါက်
#အချုပ်သားထွက်ပြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now