မဲခေါင်၊ ဒီဇင်ဘာ ၃၀
၂၀၂၄ ခုနှစ်အတွက် ထိုင်းနိုင်ငံဘတ်ဂျက်စာရင်းမှာ ဘုရင်စနစ်အတွက် အသုံးစားရိတ် ဘတ် ၃၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။
၂၀၂၄ ခုနှစ်အတွက် ထိုင်းအအစိုးရ အသုံးစားရိတ်ဘတ်ဂျက်စုစုပေါင်းဟာ ဘတ် ၃ . ၄၈ ထရီလီယံရှိပြီး ၂၀၂၃ ဘတ်ဂျက်ထက် ၁ . ၀၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်စနစ်အတွက် အသုံးစားရိတ်ဟာ စုစုပေါင်း ဘတ်ဂျက်ရဲ့ ၁ . ၀၄ ရာခိုင်နှုန်းရှိပြီး စီးပွားရေးကျဆင်ချိန်ဖြစ်တဲ့ကြားက ၅ နှစ်အတွင်း ဒုတိယအများဆုံး အသုံး စားရိတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်စနစ်အတွက် တော်ဝင်အေဂျင်စီအဖွဲများစွာ ခန့်ထားရမှုအတွက် ကုန်ကျစားရိတ်ဖြစ်ပါတယ်။ ဒီအေဂျင်စီတွေထားရှိဖို့ကို ၂၀၁၇ ခုနှစ်က စတင် ဥပဒေပြုခဲ့တာဖြစ်ပြီး Majesty’s Principal Private Secretary လက်အောက် အဖွဲ့အစည်းကြီး ၃ ရပ်ထားရှိရာမှာ ဝန်ထမ်းပေါင်း ၁၄၇၀၄ ဦးခန့်ထားရတာဖြစ်ပါတယ်။ Privy Council Office၊ Bureau of the Royal Householdနဲ့ Royal Security Command သုံးဖွဲ့ ထားရှိတာဖြစ်ပါတယ်။
Bureau of the Royal Householdမှာ အစိုးရအဖွဲ့ဝင် ၈၃ ယောက်အပါ စုစုပေါင်း ၆၆၅၈ ယောက်၊ သက်တော်စောင့်တပ် Royal Security Command မှာ ၇၉၄၃ ယောက်၊ Bureau of the Royal Household မှာ အမြဲတမ်းခန့် ဝန်ထမ်း ၂၀ ဝန်းကျင် ထားရှိခြင်းအတွက် လစာ တွေပေးချေမှုကနေ ဘတ် ၃၆ ဘီလီယံ သုံးစွဲခဲ့ရတာဖြစ်ကြောင်း တစ်နှစ်တာ ဘတ်ဂျက်ရှင်းတမ်းမှာ ထည့်သွင်း ထုတ်ပြန်သွားတာဖြစ်ပါတယ်။
Ref: prachataienglish
MKF-001
#MeKongNews
#ထိုင်းဘတ်ဂျက်
#ဘုရင်စနစ်
#ခွဲတမ်း
#အသုံးစရိတ်








