မဲခေါင်၊ ဒီဇင်ဘာ ၃၀
ယူကရိန်းသိမ်းပိုက်ထားတဲ့ ကက်ရှ်ဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ စေလွှတ်တိုက်ခိုက်နေရာမှာ အယောက် ၃၀၀၀ သေဆုံးဒဏ်ရာရခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့ပစ်ခတ် တိုက်ခိုက်ရာမှာသေဆုံးခဲ့တဲ့ မြောက်ကိုရီးယားအထူးတပ်ဖွဲ့ တပ်ကြပ်ကြီးတစ်ဦး ဒိုင်ယာယီစာချုပ်ကို ယူကရိန်းတပ်က သိမ်းဆည်းရမိမှုမှာ ကင်ဂျုံအန်အပေါ် သစ္စာဖောက်မှုကြောင့် အပြစ်ပေးခြင်းအဖြစ် စစ်ထဲ ထည့်သွင်းခံရတဲ့ မှတ်တမ်း တွေ့ရှိခဲ့ရပါတယ်။
၂၇ နှစ်အရွယ် တပ်ကြပ်ကြီးဂျောင်ဟောင်ဂျွန်ကို ဒရုန်းမှတ်တမ်းကနေ ကင်မရာနဲ့ ရိုက်ကူးထားပြီး ပစ်ခတ် ရှင်းလင်းရာမှာ လဲကျသေဆုံးသွားရတဲ့မြင်ကွင်းကို ယူကရိန်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီတပ်ကြပ်ဟာ ကင်ဂျုံအန်ရဲ့ အလုပ်သမားပါတီအပေါ် သစ္စာဖောက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံထားရာမှာ ထပ်တိုး အပြစ်ချမှတ်ခြင်းအဖြစ် ရုရှားတပ်တွေနဲ့ ရှေ့တန်းကို လွှတ်ပေးခြင်းခံရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ဒိုင်ရာယီထဲမှာ “ အမိမြေဟာ ကျွန်တော့်ကို ပြန်လည်မွေးဖွားခွင့် လမ်းပြန်ဖွင့်ပေးလိုက်ပါတယ်။ ဘ၀အသစ် တစ်ခုကို ပြန်လည်စတင်ခွင့်ပေးလိုက်ခြင်းမျိုးပါ” လို့ ကင်ဂျုံအန်အပေါ် အပြစ်ပြန်ပေးဆပ်ကြောင်း ဝန်ခံရေးသားထားမှု တွေ့ရှိရတာဖြစ်ပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားစစ်သားများစွာ ရှေ့တန်းမှာ သေဆုံးနေရပေမယ့် ရုရှားဘက်ကရော မြောက်ကိုရီးယားဘက်ကပါ သေဆုံးမှုသတင်းတွေကို မထုတ်ပြန်သလို နောက်ထပ် ကျဆုံးစစ်သားတွေ နေရာထပ် အစားထိုးဖို့ စေလွှတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
Ref:thesun
MKF-001
#MeKongNews
#မြောက်ကိုရီယား
#ကက်ရှ်ဒေသ
#ရုရှား
#ယူကရိန်း
#သေဆုံး
#မှတ်တမ်း








