နေ့စဥ်သတင်း

လားရှိုးနဲ့ ကျောက်မဲဘက်ကနေ တောင်ကြီးကိုလာတဲ့လမ်းမှာ ၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို စစ်ကောင်စီဖမ်းဆီးနေ

မဲခေါင် 28 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၈ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးနဲ့ ကျောက်မဲမြို့နယ်ဘက်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဘက်ကို လာရောက်တဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ ခရီးသည်တချိုကို စစ်ကောင်စီစစ်ဆေးရေး ဂိတ်တွေမှာ အခုဒီဇင်ဘာလ တတိယပါတ်က စတင်ပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကားသမားတွေနဲ့ ခရီးသည်တွေထံကနေသိရပါတယ်။ ၁၁ မျဉ်းစောင်း (ရခိုင်ပြည်နယ်)မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို စစ်ဆေးရေးဂိတ်တွေမှာ အသေးစိတ်စစ်ဆေးမေးမြန်းပြီးနောက် အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကို ဆက်လက်သွားလာခွင့်ပြုပေမယ့် တချို့ကိုတော့ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ မိုင်းကိုင်အနီးက ဂိတ်နဲ့ တာကော်တံတား ဂိတ်မှာဖမ်းဆီးနေတာလို့ လားရှိုး-တောင်ကြီးသွား ကားသမားတစ်ဦးကပြောပါတယ်။ သူက “ဂိတ်တွေမှာ စစ်ဆေးတဲ့အခါ တချို့ကားသမားတွေက ခရီးသည်တွေကို တာဝန်မခံပဲနဲ့ စစ်ဆေးတဲ့ နေရာတွေမှာ သူမသိဘူးဆိုပြီး ခေါင်းရှောင်တာတွေရှိတယ်။ စစ်တပ်နဲ့ ရဲကဆွဲစိတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးနဲ့ ကျောက်မဲမြို့နယ်ဘက်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဘက်ကို လာရောက်တဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ ခရီးသည်တချိုကို စစ်ကောင်စီစစ်ဆေးရေး ဂိတ်တွေမှာ အခုဒီဇင်ဘာလ တတိယပါတ်က စတင်ပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကားသမားတွေနဲ့ ခရီးသည်တွေထံကနေသိရပါတယ်။

၁၁ မျဉ်းစောင်း (ရခိုင်ပြည်နယ်)မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို စစ်ဆေးရေးဂိတ်တွေမှာ အသေးစိတ်စစ်ဆေးမေးမြန်းပြီးနောက် အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကို ဆက်လက်သွားလာခွင့်ပြုပေမယ့် တချို့ကိုတော့ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

မိုင်းကိုင်အနီးက ဂိတ်နဲ့ တာကော်တံတား ဂိတ်မှာဖမ်းဆီးနေတာလို့ လားရှိုး-တောင်ကြီးသွား ကားသမားတစ်ဦးကပြောပါတယ်။

သူက “ဂိတ်တွေမှာ စစ်ဆေးတဲ့အခါ တချို့ကားသမားတွေက ခရီးသည်တွေကို တာဝန်မခံပဲနဲ့ စစ်ဆေးတဲ့ နေရာတွေမှာ သူမသိဘူးဆိုပြီး ခေါင်းရှောင်တာတွေရှိတယ်။ စစ်တပ်နဲ့ ရဲကဆွဲစိတယ်။ အမှန်က ဟိုမှာလက်မှတ်လာဖြတ်ကတည်းက သေချာမေးပြီးတော့ တာဝန်ယူနိုင်တယ်ဆိုမှခေါ်လာရမှာလေ” လို့ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ရှမ်းမြောက်ကနေ ရှမ်းတောင်ကို လာရောက်မယ့် ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို ကားဂိတ်တွေ၊ ကားသမားတွေက လက်မှတ်မရောင်းပေးတာ၊ ကားပေါ်လိုက်ပါစီးနင်းဖို့ မခေါ်လာရဲတာတွေ ရှိနေတယ်လို့သိရပါတယ်။

ခရီးသည်တစ်ဦးက “အဓိကကတော့ ရခိုင်တိုက်ပွဲအခြေအနေတွေကြောင့် ရရာလုပ်တာလို့ မြင်တာပဲ။ တာကော်တံတားဂိတ်မှာဆိုရင် ကားရပ်ပြီဆိုတာနဲ့ ၁၁ မျဉ်းစောင်းပါရင် ကားပေါ်က အရင်ဆင်းလာဆိုပြီး ခေါ်စစ်တာ။ ကျန်မှတ်ပုံတင်ကိုင်ထားတဲ့သူတွေကြတော့ ကားပေါ်ကနေမဆင်းရဘူး၊ မှတ်ပုံတင်ပဲ ပြရတယ်” လို့မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒီအပြင် ရှမ်းပြည်မြောက်ပိုင်းကနေ တောင်ကြီးမြို့ကို သွားရောက်မယ့် ခရီးသည်တွေအနက် ၅ မျဉ်းစောင်း(စစ်ကိုင်းတိုင်း ဒေသကြီး)နဲ့ ၁၃ မျဉ်းစောင်း လရန (လားရှိုး၊ ကျောက်မဲ) မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုလည်း ခရီးသွားထောက်ခံစာ(ရပ်ကွက်၊ ရဲစခန်း)ပါမှသာ လက်မှတ်ရောင်းပေးနေသလို စစ်ဆေးရေးဂိတ်တွေမှာ အဲဒီထောက်ခံစာပြသနိုင်မှသာ ဆက်လက်သွားလာခွင့်ပြုနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-တာကော်တံတားစစ်ဆေးရေးဂိတ်
CJ-003
#MekongNews
#စစ်ကောင်စီ
#၁၁မျဉ်းစောင်း
#မှတ်ပုံတင်
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now