နေ့စဥ်သတင်း

တောင်ကြီးကိုလည်း အလှည့်ကျ ပုံမှန်ဓါတ်အားပေးစေချင်

မဲခေါင် 24 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၄ တောင်ကြီးမြို့ဟာ ဒေသတွင်းအနီးဝန်းကျင်မြို့တွေနဲ့မတူပဲ ဓါတ်အားပြတ်တောက်ချိန်များပြီး အလှည့်ကျဓါတ်အားပေးစနစ်ပုံစံမျိုး ဓါတ်အားပေးချိန် ပြတ်တောက်ချိန်ပုံမှန်မဟုတ်တာကြောင့် နေ့စဉ်မိသားစုလုပ်ငန်းလည်ပတ်မှု နှောင့်နှေးတာနဲ့ အပိုထွက်ငွေများပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အလှည့်ကျစနစ်နဲ့ ၄ နာရီခြားတစ်ခါ ဓါတ်အားပေးမယ်လို့ နိုင်ငံတဝှမ်း ကြေညာထားပေမယ့် တောင်ကြီးမှာ တခါတရံ ၂၄ နာရီအတွင်း မိနစ် ၁၈၀ ခန့်သာ ဓါတ်အားရရှိသလို ဓါတ်အားပေးပြီးခဏအကြာမှာ အချိန်ကြာမြင့်စွာ ပြန်လည်ပြတ်တောက်နေတဲ့ရက်က ပိုမိုများပြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆိုင်ရှင်တစ်ဦးက “မနက် ၈ နာရီလောက်ကပျက်သွားပြီး ည ၈ နာရီလောက်မှ ပြန်လာတာတွေလည်း ရှိတယ်။ ၈ နာရီလာပြီး ၁၁ လောက်ဆို ပြန်ပျက်တယ်။ တရက်နဲ့တရက်ကလည်း မတူဘူး။

မဲခေါင်၊ ဒီဇင်ဘာ ၂၄

တောင်ကြီးမြို့ဟာ ဒေသတွင်းအနီးဝန်းကျင်မြို့တွေနဲ့မတူပဲ ဓါတ်အားပြတ်တောက်ချိန်များပြီး အလှည့်ကျဓါတ်အားပေးစနစ်ပုံစံမျိုး ဓါတ်အားပေးချိန် ပြတ်တောက်ချိန်ပုံမှန်မဟုတ်တာကြောင့် နေ့စဉ်မိသားစုလုပ်ငန်းလည်ပတ်မှု နှောင့်နှေးတာနဲ့ အပိုထွက်ငွေများပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလှည့်ကျစနစ်နဲ့ ၄ နာရီခြားတစ်ခါ ဓါတ်အားပေးမယ်လို့ နိုင်ငံတဝှမ်း ကြေညာထားပေမယ့် တောင်ကြီးမှာ တခါတရံ ၂၄ နာရီအတွင်း မိနစ် ၁၈၀ ခန့်သာ ဓါတ်အားရရှိသလို ဓါတ်အားပေးပြီးခဏအကြာမှာ အချိန်ကြာမြင့်စွာ ပြန်လည်ပြတ်တောက်နေတဲ့ရက်က ပိုမိုများပြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ရှင်တစ်ဦးက “မနက် ၈ နာရီလောက်ကပျက်သွားပြီး ည ၈ နာရီလောက်မှ ပြန်လာတာတွေလည်း ရှိတယ်။ ၈ နာရီလာပြီး ၁၁ လောက်ဆို ပြန်ပျက်တယ်။ တရက်နဲ့တရက်ကလည်း မတူဘူး။ အခက်အခဲတွေက အများကြီးရှိတယ်။ ရေခဲသေတ္တာတွေထဲကဆို အကုန်အရည်ပျော်တယ် အသားတွေဆို သိမ်းလို့မရဘူး။ လုပ်တောင် မလုပ်စားချင်တော့ဘူး။ ခုမီးစက်နဲ့ သုံးရတယ်” လို့ ပြောပါတယ်။

အမျိုးသားတစ်ဦးက “မီးက တစ်ရက်ကို ၄-၅ ခါလောက်လာတယ်။ တခါလာရင် ၁၀ မိနစ်လောက်။ ညောင်ဖြူစခန်းမှာတရက်ကို နေ့ခင်း မီး ၂ နာရီလာရင် ကံကောင်း။ ပိုဆိုးတာက မီးလာချိန်ကို မှန်းလို့မရတာ။ ဒီနေ့ တနေကုန်မီးပျက်လို့ ညနေ လာမယ်ထင်ပေမယ့် မလာတဲ့အခါတွေလည်းရှိတယ် ” လို့ ပြောပါတယ်။

ဓါတ်အားအဓိကလိုအပ်တဲ့ စားသောက်ဆိုင်တွေမှာ အလင်းရောင်ရရှိဖို့ မီးစက်အသုံးပြုရာမှာ တရက်အတွက် စက်သုံးဆီဖိုး ကျပ် ၁၅၀၀၀ ခန့်ကုန်ကျကာ ချက်ပြုတ်ကြော်လှော်ရေးအတွက် ဂက်စ်ကိုအသုံးပြုရာမှာ တစ်ရက်ကို ဂက်စ်ဖိုး ကျပ် ၂၇၀၀၀ ဝန်းကျင် ကုန်ကျနေတာဖြစ်လို့ တစ်လ ဂက်စ်ဖိုး ရှစ်သိန်းကျော် ကုန်ကျနေတယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။

ဒေသတွင်းမှာ တောင်းကြီးမြို့နဲ့မဝေးတဲ့ အောင်ပန်းမြို့မှာ အလှည့်ကျစနစ်နဲ့ တစ်ရက်ကို မိနစ် ၁၂၀ ခန့် ပုံမှန်ဓါတ်အားရရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်အခြေခံ လူနေမှုစနစ်ဖြစ်တာကြောင့် ဓါတ်အားပေးစနစ်မူမမှန်တဲ့အခါ တည်လက်စထမင်းအိုး ပျက်စီးတာ၊ ရေမတင်ရတာ၊ အလင်းရောင်အတွက် အဆင်မပြေတာတွေရှိနေလို့ တောင်ကြီးမြို့ကိုလည်း အလှည့်ကျစနစ်နဲ့ ဓါတ်အားပေးချိန် ပြတ်တောက်ချိန် ပုံမှန်ပေးစေချင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီတာခအနေနဲ့လည်း စက်တင်ဘာလထဲမှာ တယူနစ်ကို ၅၀ နှုန်းကောက်ခံတာတွေရှိနေပြီး ထပ်တိုးကောက်ခံတာတွေရှိတဲ့အပြင် မြို့အစွန်နားက ရပ်ကွက်တွေမှာ မီတာမဖတ်ဘဲ နံပတ်ခန့်မှန်းထည့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

CJ-004
#MekongNews
#တောင်ကြီး
#ဓါတ်အား
#ပြတ်တောက်
#ပုံမှန်
#အချိန်ပိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now