မဲခေါင်၊ ဒီဇင်ဘာ ၂၄
ယီမင်နိုင်ငံထဲက အီရန်ထောက်ပံ့ထားတဲ့ ဟူသီသူပုန်အဖွဲ့ကို လျှို့ဝှက်စစ်ဆင်းတာဝန်အရ သွားရောက်တိုက်ခိုက်တဲ့ အမေရိကန် F/A-18 ဖိုက်တာဂျက်လေယာဉ်ကို ပင်လယ်နီထဲမှာပဲရှိတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စု USS Harry S. Truman Carrier Strike Group ကပဲ မှားယွင်းပြီး USS Gettysburg ခရုဇ်ဒုံးကျည်နဲ့ ပစ်ချခဲ့ကြောင်း သိရပါတယ်။
ပင်လယ်နီထဲက ကုန်သွယ်ရေကြောင်း ခရီးစဉ်တွေကို ဟူသီသူပုန်တွေက ပစ်မှတ်ထားတိုက်ခိုက်နေခဲ့တာ ကြာပြီဖြစ်လို့ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေဟာ စစ်သင်္ဘောတွေ စေလွှတ်ပြီး ကင်းလှည့်စောင့်ကြည့် ကြားဖြတ် ပစ်ချမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မစ်ရှင်မဖော်ပြတဲ့ ဟူသီအဖွဲ့ကို တိုက်ခိုက်ဖို့ ဗာဂျီးနီးယား အခြေစိုက်ရေတပ်စခန်း Red Rippers ကနေ ထိုင်ခုံ ၂ လုံးပါ F/A-18 Super Hornet ဖိုက်တာဂျက်လေယာဉ် ကို စေလွှတ်လိုက်ရာမှာ USS Harry S. Truman Carrier Strike Group က မှားယွင်းပြီး ပစ်ချလိုက်တာဖြစ်ပါ တယ်။ ဒါပေမဲ့ လေယာဉ်ပိုင်းလော့ ၂ ယောက်စလုံးဟာ ဒုံးကျည် မထိမှန်ခင် လေယာဉ်ထဲက လေထီးနဲ့ ခုန် ထွက်ပြီး လွတ်မြောက်ခဲ့သလို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ဒီလိုမှားယွင်းမှုဟာ ကြိုတင်အကြောင်းမကြားထားဘဲ ချိန်ဆက်မှုအားနည်းချက်ကြောင့် ရေဒါနဲ့ ရေဒီယို ဆက်သွယ်ရေးစနစ်ကနေ မှားယွင်းပြီး ပစ်ချမိတာဖြစ်ကြောင်း၊ ဒီမတိုင်ခင်လေးမှာပဲ ဟူသီအဖွဲ့ရဲ့ ဒရုန်းပေါင်း များစွာနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေကို ပစ်ခတ်ရှင်းလင်းရာကနေ ကိုယ့်လေယာဉ်ကိုယ်ပစ်ချမိခဲ့တာဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင် စစ်ဌာနချုပ်က ထုတ်ပြန်သွားခဲ့ပါတယ်။
Ref:Thesun
MKF – 001
#MeKongNews
#အမေရိကန်
#ပင်လယ်နီ
#ဂျက်ဖိုက်တာ
#မှားယွင်းပစ်ချ








